■ အက်သလက်တီကိုအရန်အသင်းနည်းပြအဖြစ် တောရက်စ် ဆောင်ရွက်မည်     

■ အက်သလက်တီကိုအရန်အသင်းနည်းပြအဖြစ် တောရက်စ် ဆောင်ရွက်မည်     
Photo: Getty Images
Photo: Getty Images
Published 28 April 2023

အက်သလက်တီကိုအသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သော ဖာနန်ဒိုတောရက်စ်သည် လာမည့်ရာသီတွင် အသင်း၏ အရန်အသင်းနည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

တောရက်စ်(၃၉ နှစ်)သည် ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၂၁ ခုနှစ်တွင် အက်သလက်တီကိုအသင်း၌ ယူ-၁၉ အသင်းနည်းပြအဖြစ် ဆောင်ရွက်နေခဲ့သူဖြစ်သည်။ 

ယခုအခါ အက်သလက်တီကိုအသင်းက ၎င်းကို လာမည့်ရာသီ၌ အရန်အသင်းနည်းပြအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တောရက်စ်သည် ကစားသမားဘဝ အကောင်းဆုံးအချိန်တွင် အသင်းကို စွန့်ခွာသွားခဲ့သော်လည်း ပရိသတ်များ၏ချစ်ခင်မှုကို လက်ရှိအချိန်အထိ ရရှိနေသူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent