ဆီဗီလာအသင်းရဲ့ နည်းပြအပြောင်းအလဲအပြီး ဆက်တိုက်ဆိုသလိုပဲ ဥရောပထိပ်တန်းအသင်းကြီး (၂)သင်းရဲ့ နာမည်ကြီးနည်းပြနှစ်ဦးထုတ်ပယ်ခံရမှုက ပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပြန်ပါတယ်။ ပထမဆုံးပြောရမှာကတော့ ဘိုင်ယန်မြူးနစ်အသင်းကနေ မထင်မှတ်ဘဲ ထုတ်ပယ်ခံခဲ့ရတဲ့ လူငယ်နည်းပြ နာဂယ်စ်မန်းဖြစ်ပြီး၊ ဒုတိယတစ်ဦးကတော့ စပါးအသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ၀ါရင့်နည်းပြ ကွန်တီပဲဖြစ်ပါတယ်။ နာဂယ်စ်မန်းက လက်ရှိရလဒ်ပိုင်းအရ ထုတ်ပယ်ခံရတာမဟုတ်ဘဲ ဘိုင်ယန်မြူးနစ်ရဲ့ အနာဂတ်စီမံကိန်းတွေ၊ လိုအင်ဆန္ဒတွေနဲ့မကိုက်ညီဘူးဆိုတဲ့အကြောင်းပြချက်တွေ၊ ကစားသမားအချို့နဲ့အဝတ်လဲခန်းအတွင်းအဆင်မပြေဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းစကားတွေနဲ့အတူ ရုတ်တရက်ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး၊ ကွန်တီကတော့ ရလဒ်ယိမ်းယိုင်မှုတွေအပြင် စပါးတာဝန်ရှိသူတွေနဲ့အသင်းအပေါ် မထင်သလိုဝေဖန်တတ်တဲ့ အခြေအနေတွေကြောင့် ကြိုတင်သတင်းတွေ ထွက်ပေါ်ခဲ့ပြီးမှ ထုတ်ပယ်ခံခဲ့ရတာပါ။
ပဲ့ကိုင်ရှင်တွေရဲ့ ဖိအားနဲ့ အနာဂတ်အရွေ့များ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။