■ ဘာစီလိုနာရဲ့ အမည်းစက်များနဲ့ လက်သင့်မခံသူများ

■ ဘာစီလိုနာရဲ့ အမည်းစက်များနဲ့ လက်သင့်မခံသူများ
Photos: Getty Images
Photos: Getty Images
Published 31 March 2023
Chan Myae

ကျွန်တော်တို့ အမြဲတမ်းသတိထားပြီး ချီးကျူးသင့်တဲ့အရာက နိုင်ငံတကာက အစိုးရရှေ့နေတွေရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေပဲ။ တချို့တွေကတော့ ကိုယ့်အသင်းကို ထိခိုက်လို့၊ ကိုယ်အားပေးတဲ့ကစားသမားကို ထိခိုက်လို့ဆိုတဲ့အသိနဲ့ အစိုးရရှေ့နေတွေကို အမြင်စောင်းတာရှိတယ်။ ပြောဆိုဝေဖန်ကြတာရှိတယ်။ တကယ်တော့ ဒါတွေက သူတို့ အလုပ်ကို သူတို့ သိလွန်းလို့၊ လုပ်လွန်းလို့ကို ဒီလိုမြင်စရာဖြစ်လာတာလို့ပဲ ပြောရမယ်။ လူးဝစ်ဆွာရက်ဇ် ဂျူဗင်တပ်စ်ကို ပြောင်းခါနီးမှာ အပြောင်းအရွှေ့ပျက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ အီတလီအစိုးရရှေ့နေတွေကြောင့်။ ဆွာရက်ဇ်က ငွေလမ်းခင်းပြီး လိမ်ဖို့ လုပ်တာပဲ။ EU ကစားသမားပြဿနာကို ပြေလည်အောင် ဇွတ်အတင်း အီတလီလူမျိုးလုပ်ချင်တာ။ အီတလီစကားက မတတ်တော့  ဒီအခက်အခဲကို လိမ်ပြီးဖြေရှင်းတယ်ပေါ့။ ဘယ်သူမှ မသိဘူး။ ဂျူဗင်တပ်စ်ကစားသမား ဖြစ်လာတော့မယ်။ ဒါပေမဲ့ အီတလီအစိုးရ ရှေ့နေတွေက မရမကလိုက်တာပဲ။ 

 

Most Read

Most Recent