မန်စီးတီးရဲ့ နည်းပြထိုင်ခုံပေါ်မှာ ဂွါဒီယိုလာ၊ လီဗာပူးလ်ရဲ့ နည်းပြထိုင်ခုံပေါ်မှာ ယာဂန်ကလော့ပ်တို့ ရှိမနေခဲ့ရင် ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက အခုလောက် အသက်ဝင်ချင်မှ ဝင်မှာပါ။ ဂျာမန်မြေမှာကတည်းက ပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့ရဲ့ ပြိုင်ဆိုင်မှုသက်တမ်းက ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦး စတင်ဆုံတွေ့ခဲ့တာ ၂၀၁၃ ခုနှစ်မှာဖြစ်ပြီး ရင်ဆိုင်ခဲ့ရတဲ့ပွဲပေါင်းကလည်း (၂၇)ပွဲရှိခဲ့ပါပြီ။ ယာဂန်ကလော့ပ်က (၁၂)ပွဲနိုင်ပြီး ဂွါဒီယိုလာက (၁၀)ပွဲနိုင်ထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်း အမှတ်ထပ်လျော့ သွားမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲဖြစ်နေသလို၊ ယာဂန်ကလော့ပ်ကို ဂွါဒီယိုလာ အနိုင်ယူနိုင်ပါ့မလားလို့ စောင့်ကြည့်ရမယ့်ပွဲလည်း ဖြစ်နေပါတယ်။
■ ဆယ်စုနှစ်ရဲ့ မဟာပြိုင်ဘက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။