ဘန်အက်ဖလက်က Justice League ရိုက်ကူးနေချိန်တွင် စိတ်မသက်မသာဖြစ်ပြီး အရက်အလွန်အကျွံသောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အသက် ၅၀ အရွယ် ဘန်က ရုပ်ရှင်ရိုက်ကူးရေးလုပ်နေချိန်တွင် ၎င်း၏ခံတွင်းထဲ၌ အလွန်ဆိုးရွားသော အရက်၏အရသာ ကျန်ရှိနေကြောင်း Hollywood Reporter သတင်းကို ပြောကြားခဲ့သည်။
“ဒါဟာ မိုက်မဲတဲ့အတွေ့အကြုံတွေနဲ့ ပြည့်နေတဲ့လုပ်ငန်းတစ်ခုမှာ ကျွန်တော်မြင်ခဲ့ဖူးသမျှ အဆိုးရွားဆုံးအတွေ့အကြုံပါပဲ။ ဒါဟာ ကျွန်တော့်ကို အသည်းကွဲစေပါတယ်” ဟု ဘန်က ပြောကြားခဲ့သည်။
ယင်းရုပ်ရှင်၏ မူလဒါရိုက်တာ ဇက်ဆင်ဒါသည် ၂၀၁၇ ခုနှစ်တွင် သမီးဖြစ်သူ ကွယ်လွန်ခဲ့ပြီးနောက် ယင်းရုပ်ရှင်ရိုက်ကူးရေးမှ နုတ်ထွက်ခဲ့သည့်အတွက် ဂျော့စ်ဝီဒွန်က ဇာတ်ညွှန်းပြန်လည်ရေးသား ရိုက်ကူးရသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။
“တစ်စုံတစ်ယောက် (ဝီဒွန်) က ကျွန်တော် ခင်ဗျားတို့ကိုကယ်တင်မယ်။ ဒီရုပ်ရှင်ကို ရက် ၆၀ နဲ့ ရိုက်ကူးမယ်။ ဇာတ်ညွှန်းတစ်ခုလုံးကို ကျွန်တော်ရေးမယ်ဆိုပြီးလုပ်ပါတယ်။ ကျွန်တော် ဒါကိုလျှို့ဝှက်ထားတယ်။ ဒါဟာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ အဲဒါခက်ခဲတဲ့အရာပါ”ဟု ၎င်းကဆိုသည်။
“ကျွန်တော် အဲ့မှာအရက်တွေအလွန်အကျွံသောက်တယ်။ လန်ဒန်ကဟိုတယ်ကို ပြန်သွားတယ်။ ပြတင်းပေါက်ကနေ ခုန်ချချင်လာတယ်။ ဒါဟာ အတွေးပါပဲ။ ဒါဟာ ကျွန်တော်လိုချင်တဲ့ ဘဝ မဟုတ်ဘူး။ ကျွန်တော့်ကလေးတွေ ဒီမှာမရှိဘူး။ ကျွန်တော် စိတ်မချမ်းမသာ ဖြစ်နေပါတယ်”ဟု ဘန်က ပြောကြားခဲ့သည်။
ဘန်သည် လွန်ခဲ့သည့်နှစ်က ၎င်း၏ ရည်းစားဟောင်းဖြစ်သည့် အသက် ၅၂ နှစ်အရွယ် ဂျနီဖာလိုပက်ဇ်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။