Sky Sports တွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်တိုက်စစ်မှူးဟောင်း ပေါလ်မာဆင်က ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲဆက်နေသော အာဆင်နယ်အသင်းအနေဖြင့် နောက်ထပ်(၃)ပွဲဆက်အနိုင်ရရှိခဲ့လျှင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီဟုထင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ပေါလ်မာဆင်သည် ဘုန်းမောက်နှင့်ပွဲ၌ (၂)ဂိုးရှုံး အနေအထားမှ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည့် အာဆင်နယ်အသင်းမှာ ချန်ပီယံခြေစွမ်းပိုင်ဆိုင်နေပြီဟု ယုံကြည်နေပြီး လာမည့် (၃)ပွဲကို အနိုင်ရရှိခဲ့ပါက ချန်ပီယံအဖြစ် သတ်မှတ်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် လာမည့်ပရီးမီးယားလိဂ်(၃)ပွဲတွင် ဖူလ်ဟမ်၊ ပဲလေ့စ်၊ လိဒ်စ်တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
နောက်(၃)ပွဲဆက်အနိုင်ရလျှင် အာဆင်နယ် ချန်ပီယံဖြစ်ပြီဟု ပေါလ်မာဆင် သုံးသပ်
Photo: Arsenal Informer