ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 6 March 2023

ဘရန့်ဖို့ဒ် နှင့် ဖူလ်ဟမ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဘရန့်ဖို့ဒ်နဲ့ ဖူလ်ဟမ်တို့က အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းကို ပိုင်ဆိုင်ထားကြတာကို တွေ့ရတယ်။ ချယ်လ်ဆီး၊ ဘရိုက်တန်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ဖူလ်ဟမ်ရဲ့ ခြေစွမ်းက အံ့သြစရာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဝုလ်ဗ်ကို သရေကစားနိုင်ခဲ့တာကို ကြည့်ရင် ဘရန့်ဖို့ဒ်အတွက် ခက်ခဲဦးမယ့် အနေအထားဖြစ်တယ်။ ဘရန့်ဖို့ဒ်ကွင်းဆိုပေမဲ့ သရေကျသွားနိုင်တယ်။ 

ဆာဆူအိုလို နှင့် ခရီမိုနီဆီ (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)

ဆာဆူအိုလိုက ရလဒ်ပိုင်းတက်လာတဲ့ အသင်းဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက်နေတယ်။ ခရီမိုနီဆီကတော့ တန်းဆင်းအန္တရာယ်ကြားက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အသင်းပါ။ ဧည့်သည်နဲ့ စွန့်စားချင်တယ်။

တိုရီနို နှင့် ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဘိုလော့ဂ်နာရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အတော့်ကို အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ တိုရီနိုကွင်းမှာ သွားကစားတဲ့ စီးရီးအေ (၃)ပွဲဆက်တော့ နိုင်ပွဲပျောက်ခဲ့တယ်။ အိမ်ကွင်းအားသာချက်ရှိတဲ့ တိုရီနိုကို ရွေးချယ်ချင်တယ်။

အိုဆာဆူနာ နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဆယ်လ်တာဗီဂိုရဲ့ခြေစွမ်း ပြန်တိုးတက်လာသလိုတွေ့ရ ပေမဲ့ လက်ရှိအဝေးကွင်းကစားအားနဲ့တော့ အိုဆာဆူနာလို အိမ်ကွင်းမာတဲ့အသင်းကို မနည်းတောင့်ခံကစားရဖို့ရှိနေတယ်။ အိုဆာဆူနာနဲ့ ဂိုးအနည်းကိုပဲရွေးထားချင်တယ်။

Most Read

Most Recent