အာဆင်နယ်ဘက်သို့ သွင်းယူခဲ့သည့် ဘုန်းမောက်ကွင်းလယ်လူ ဘီလင်း၏သွင်းဂိုး ပရီးမီးယားလိဂ်၏ ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်

အာဆင်နယ်ဘက်သို့ သွင်းယူခဲ့သည့် ဘုန်းမောက်ကွင်းလယ်လူ ဘီလင်း၏သွင်းဂိုး ပရီးမီးယားလိဂ်၏ ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်
Photo : EPL
Photo : EPL
Published 6 March 2023

ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘုန်းမောက်ကွင်းလယ်လူ ဘီလင်းသွင်းယူခဲ့သည့် သွင်းဂိုးသည် ပရီးမီးယားလိဂ်၏ ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဒိန်းမတ်ကွင်းလယ်ကစားသမားဘီလင်းသည် ပွဲအစ(၉.၁၁)စက္ကန့် အကြာမှာပင် အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရှိန်းလောင်း၏ဂိုးပြီးနောက် ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမြန်ဆုံးသွင်းဂိုးမှာ ၂၀၁၈-၁၉ ရာသီ၌ ဝုလ်ဗ်နှင့်ပွဲတွင် ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်း သွင်းယူခဲ့သည့်ဂိုးဖြစ်ပြီး ပွဲအစ(၇.၆၉)စက္ကန့် ၌ သွင်းယူခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမြန်ဆုံးသွင်းဂိုး(၃)ဂိုးမှာ ပွဲအစ(၁၀)စက္ကန့်မပြည့်မီ သွင်းယူခဲ့ကြခြင်းဖြစ်ပြီး တတိယနေရာ၌ ရပ်တည်ခဲ့သည့် စပါးနောက်ခံလူ လက်ဒလေကင်း၏ဂိုးမှာလည်း(၉.၈၂)စက္ကန့်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

ထူးခြားသည်မှာ ပရီးမီးယားလိဂ်၏ အမြန်ဆုံး သွင်းဂိုး(၁၀)ဂိုးထဲ၌ (၂)ဂိုးကိုသာ အိမ်ရှင်အသင်းမှ ကစားသမားများက သွင်းယူခဲ့ခြင်းဖြစ်ပြီး ကျန်(၈)ဂိုးကို အဝေးကွင်းအသင်းမှ ကစားသမားများက သွင်းယူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမြန်ဆုံးဂိုးသွင်းယူသူ (၁၀)ဦးစာရင်း၌ စပါးနှင့် ဆောက်သမ်တန်အသင်းတို့မှ ကစားသမားနှစ်ဦးစီပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent