စပိန်လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 March 2023

ဗယ်လာဒိုလစ် - အက်စ်ပန်ညို (တနင်္ဂနွေည ရး၃၀ နာရီ)

ဗယ်လာဒိုလစ်ကတော့ အိမ်ကွင်းအားနဲ့ကစားနေပေမဲ့ ခုတလောတိုက်စစ်ပိုင်း ဂိုးပေါက်ပျောက်နေတာက အားနည်းမှု လိုဖြစ်နေတယ်။ အက်စ်ပန်ညိုကလည်း အဝေးကွင်းကစားပုံနဲ့ ခံစစ်ပိုင်းကစိတ်မချရပါဘူး။ ဒီပွဲရဲ့ အဓိကအဖြေက ဗယ်လာဒို လစ်တိုက်စစ်ဂိုးသွင်းနိုင်ဖို့  ရှိ၊ မရှိပါပဲ။ ဂိုးနည်းသရေပွဲပဲထင်တယ်။

ဘာစီလိုနာ - ဗလင်စီယာ (တနင်္ဂနွေည ၉း၄၅ နာရီ)

နည်းပြသစ် ဘရာဟာလက်ထဲပြီးခဲ့တဲ့ပွဲစဉ်မှာ ဆိုစီဒက် ကို နိုင်ပွဲရထားလို့ ဗလင်စီယာရဲ့ အပြောင်းအလဲက စိတ်ဝင်စား စရာကောင်းလာတယ်။ ဒီနိုင်ပွဲက ဗလင်စီယာရဲ့ ၂၀၂၃ ခုနှစ်အ တွင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်လို့ အသင်းအနေနဲ့ နည်းပြသစ် လက်ထဲမှာ ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်စတော့ပြု နေပြီလို့ ပြောနိုင်တယ်။ ဒါကြောင့် လက်ရှိအရှိန်ကို အခုနူးကမ့် ကွင်းမှာ ဆက်တွန်းနိုင်ဖို့ ဘရာဟာကြိုးစားလိမ့်မယ်။ ဘရာဟာ လက်ထဲမှာ ဗလင်စီယာဟာ ခံစစ်ကို ပိုသတိထားကစားလာနေ ပြီး ဘာစီလိုနာကိုလည်း ခံစစ်အားနဲ့ပဲ အဓိကရင်ဆိုင်ဖို့များနေ တယ်။ ဒါကြောင့် ဘာစီလိုနာအတွက် အိမ်ကွင်းကစားရမှာဆိုပေ မဲ့ ဗလင်စီယာရဲ့ ခံစစ်အားကိုးလာမယ့်ကစားဟန်က ဘာစီလို နာတိုက်စစ်အတွက် စိန်ခေါ်မှုပါပဲ။ အစဉ်အလာအရတော့ ဘာ စီလိုနာကိုပဲရွေးထားချင်တယ်။ ဂိုးတော့နည်းမယ်။

ဗယ်လက်ကာနို - ဘီလ်ဘာအို (တနင်္လာနံနက် ၀၀း၀၀ နာရီ)

ခုတလော ဘီလ်ဘာအိုကစားပုံပြန်ပျက်နေတယ်။ အထူး သဖြင့် ခံစစ်ကစားပုံက သိသိသာသာယိုယွင်းနေပြီး အဝေးကွင်း ဆိုရင် ပိုပြီးရုန်းကန်ရလေ့ရှိတယ်။ ဒါကြောင့် ဘီလ်ဘာအိုရဲ့လက် ရှိပုံစံနဲ့တော့ အိမ်ကွင်းကစားပုံကိုအားပြုနေတဲ့ ဗယ်လက်ကာနို ကို အဝေးကွင်းမှာ တောင့်ခံကစားပြနိုင်ဖို့ အတော်လေးကိုအား ထုတ်ယူရမယ့်ပုံပါပဲ။ ဗယ်လက်ကာနိုကတော့ ရလဒ်ပိုင်းတည်ငြိမ် နေတယ်လို့ဆိုနိုင်ပြီး ဥရောပဝင်ခွင့်တစ်နေရာကို ခြေကုတ်ယူဖို့ ကြိုးစားနေတာပါ။ ဗယ်လက်ကာနိုအနိမ့်ဆုံးသရေပါပဲ။

ဘက်တစ် - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂း၃၀ နာရီ)

လက်ရှိပြည်တွင်းပွဲတွေမှာတော့ ရီးယဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းက အားရစရာသိပ်ဖြစ်မလာသေးဘူး။ အထူးသဖြင့် ဒီရာသီကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ အပြောင်းအလဲများမှုက ရီး ယဲလ်အတွက်အားနည်းချက်လိုရှိနေသေးတာတွေ့နေရတယ်။ နောက်ပြီး အသင်းလိုက်ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးတာက လည်း ပြည်တွင်းပြိုင်ဘက်တွေနဲ့အတွေ့မှာ ရီးယဲလ်တို့အ တက်အကျမမှန်စေသလိုဖြစ်နေသေးတယ်။ ဘက်တစ်က တော့ နောက်ဆုံး (၃)ပွဲဆက်တိုက် နိုင်ပွဲပြန်ယူထားတယ်။ ဒါပေမဲ့ ဒီပွဲအပြီး ယူရိုပါလိဂ်မှာ မန်ယူနဲ့ကစားရဖို့ရှိနေတာ ကြောင့် ဘက်တစ်အနေနဲ့ အခုပွဲကို အာရုံအပြည့်အဝစိုက်နိုင် ပါ့မလားစဉ်းစားရမယ်။ ဘက်တစ်ထိန်းကစားဖို့များနေတဲ့ဒီ  ပွဲမှာ အဓိကအဖြေဖြစ်လာမှာက ရီးယဲလ်တိုက်စစ် အလုပ်ဖြစ်၊ မဖြစ်ဆိုတာပါပဲ။ ဘက်တစ်နဲ့ ဂိုးအများပဲရွေးထားချင်တယ်။

Most Read

Most Recent