နော်တင်ဟမ်ဖောရက်စ် - အဲဗာတန် (တနင်္ဂနွေည ၈း၃၀ နာရီ)
နော်တင်ဟမ်ဖောရက်စ်က နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ မန်စီးတီးအသင်းကို အံ့သြစရာသရေပွဲယူခဲ့ပေမဲ့ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲတွေမှာတော့ ခြေမှန်ပြပါတယ်။ အဲဗာတန်အသင်းက ရလဒ်ပိုင်းနည်းနည်းတိုးတက်လာတယ်ဆိုပေမဲ့ အားနည်းချက်တွေ တော့ ရှိနေဆဲပဲ။ ဒါပေမဲ့ လူမှန်၊ နေရာမှန်နဲ့ စုစည်းမှုတော့ ပိုကောင်းလာတာ တွေ့ရတယ်။ ဒီပွဲလည်း အဲဗာတန်ကို ကြိုက်တယ်။
လီဗာပူးလ် - မန်ယူ (တနင်္ဂနွေည ၁၁း၀၀ နာရီ)
လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က မနှစ်က ရာသီထိပ်တိုက်တွေ့ဆုံမှုတွေမှာ နှစ်ကျော့ပေါင်း (၉) ဂိုးပြတ် ရလဒ်အထိ ထွက်ပေါ်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ လီဗာပူးလ်က မန်ချက်စတာယူနိုက်တက်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင် ခဲ့တာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဒီနှစ်တော့ မန်ချက်စတာယူနိုက်တက်က ထူးထူးခြားခြား အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့အနေအ ထားမှာ ရှိနေပြီး လီဗာပူးလ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် ရုန်းကန်နေရတဲ့အနေအထားလည်းဖြစ်တယ်။ ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တုန်းကလည်း မန်ချက်စတာယူနိုက်တကအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရထား တာကို တွေ့ရတယ်။ ဒီတစ်ကြိမ် အန်ဖီးလ်က ခါတိုင်းနှစ်တွေထက် ပိုအကြိတ်အနယ်ရှိပြီး အနိုင်အရှုံးလည်း ခန့်မှန်းရတာခက်တဲ့ အနေအထားပါ။ လက်ရှိခြေစွမ်းနဲ့ရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်ကို ပိုကြိုက်တယ်။