စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်နှင့် ပြင်သစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်နှင့် ပြင်သစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 March 2023

■ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် (ပထမအကျော့)

အိုဆာဆူနာ - ဘီလ်ဘာအို (ကြာသပတေးနံနက် ၂း၃၀ နာရီ)

အိုဆာဆူနာအသင်းက ဒီရာသီ အိမ်ကွင်းရလဒ်ပိုင်း မ ဆိုးဘူးလို့ပဲ ပြောရမယ်။ ဘာစီလိုနာ၊ ရီးယဲလ်တို့လို ထိပ်သီးအ သင်းတချို့ကို အရေးနိမ့်ထားပေမဲ့ ကျန်တဲ့ပွဲတွေမှာ အများစု က အခြေအနေကောင်းခဲ့တာ တွေ့ရတယ်။ လာလီဂါမှာတော့ ဒီနှစ်သင်းက အမှတ်သိပ်မကွာကြသလို၊ နောက်ပိုင်းပွဲတွေမှာ ရလဒ်ကျဆင်းလာတာချင်းလည်း တူညီနေတယ်။ ဘုရင့်ဖလား အစဉ်အလာဆိုတာကို ထည့်တွက်ရင်တော့ ဒုတိယအအောင် မြင်ဆုံး ဘီလ်ဘာအိုက အပြတ်အသတ်သာပါတယ်။ ဒါပေမဲ့ အိုဆာဆူနာနဲ့စွန့်စားတာ ပိုကောင်းတယ်

■ ပြင်သစ်ဖလား ကွာတားဖိုင်နယ် 

တူးလူး - ရိုဒက်ဇ် (ကြာသပတေးနံနက် ၀၀း၁၅ နာရီ)

တူးလူးအသင်းက အမှတ်ပေးပြိုင်ပွဲမှာ မာဆေးလ်၊ Reims အသင်းတွေကို ဆက်တိုက်အရေးနိမ့်ခဲ့တယ်။ ဒါပေမဲ့ လီဂူးဘက် မှာ အမှတ်ပေးဇယားအလယ်နား ရပ်တည်နေလို့ တူးလူးအသင်း ဖိအားမရှိဘဲ ပြင်သစ်ဖလားဘက်ကို အာရုံ စိုက်လိမ့်မယ်။ ရိုဒက်ဇ် ကတော့ လီဂူး-၂မှာ ဇယားအောက်ဆုံး ရောက်နေတယ်။ တူးလူး ဂိုးပြတ်လိမ့်မယ်။

မာဆေလ်း - အန်နီစ်ီ (ကြာသပတေးနံနက် ၂း၃၀ နာရီ)

မာဆေးလ်အသင်း အမှတ်ပေးပွဲ နောက်ဆုံးပွဲမှာ PSGနဲ့ ကစားထားရလို့ အနည်းငယ်တော့ ပွဲပန်းနေနိုင်တယ်။ ဒါပေမဲ့  ပြီးခဲ့တဲ့(၁၆)သင်းအဆင့်မှာ ရေပန်းအစားဆုံး PSG ကိုတောင် ကျော်ဖြတ်ခဲ့တဲ့ မာဆေးလ်အသင်းရဲ့ဖလားဆာလောင်မှုကို မှန်းဆလို့ရပါတယ်။ လီဂူး-၂မှာ ဇယားအလယ်နားရှိတဲ့ အန်နီစီကို မာဆေးလ် အနိမ့်ဆုံး(၂)ဂိုးလောက်ပြတ်နိုင်တယ်။

Most Read

Most Recent