■ အာရွန်ချယ်လ်မာနှင့် သရုပ်ပြလက်ဝှေ့ပွဲတွင် ပရိသတ်နည်းပါးမှုကို မေဝယ်သာ ကာကွယ်

■ အာရွန်ချယ်လ်မာနှင့် သရုပ်ပြလက်ဝှေ့ပွဲတွင် ပရိသတ်နည်းပါးမှုကို မေဝယ်သာ ကာကွယ်
Photo: EPA
Photo: EPA
Published 28 February 2023

ဗြိတိန်MMAကစားသမားဟောင်း အာရွန်ချယ်လ်မာနှင့် ထိုးသတ်ခဲ့သည့် သရုပ်ပြလက်ဝှေ့ပွဲတွင် ပရိသတ်ဝင်ရောက်ကြည့်ရှုမှု နည်းပါးခြင်းကို အမေရိကန်လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝယ်သာက ကာကွယ်ပြောကြားခဲ့သည်။

ယင်းသို့ပရိသတ်နည်းပါးခြင်းသည် လက်မှတ်ရောင်းချမှု နောက်ကျခြင်းကြောင့်ဖြစ်သည်ဟု မေဝယ်သာက အကြောင်းပြချက်ပေးခဲ့သည်။

အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်သူ မေဝယ်သာသည် ဗြိတိန်တွင် သူ၏ပွဲဦးထွက်လက်ဝှေ့ပွဲအဖြစ် ပြီးခဲ့သည့်စနေနေ့က အာရွန်ချယ်လ်မာနှင့် ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ယူခဲ့သည်။

ယင်းပွဲထိုးသတ်ခဲ့သည့် O2 Arean သည် ပရိသတ်အများဆုံး (၂၀၀၀၀)ဝင်ဆံ့ပြီး ပွဲကြည့်စင်အနှံ့အပြားတွင် နေရာလွတ်များ တွေ့ရှိခဲ့ရသည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မေဝယ်သာက ''ကျွန်တော်တို့အနေနဲ့ ဒါ(လက်မှတ်ရောင်းချမှု)ကို တစ်လအတွင်း လုပ်ခဲ့ရတာပါ။ အချိန်ကာလက (၄)ပတ်တောင် မရခဲ့ပါဘူး။ ပွဲလက်မှတ်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် ရောင်းချသင့်တယ်လို့တော့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော့်ရဲ့အဖွဲ့သစ်က သင်ယူနေဆဲပါပဲ။ သူတို့ရဲ့လတ်တလောဖြစ်ထွန်းမှုတွေအတွက်တော့ ချီးကျူးပါတယ်။ အခုကိစ္စက သူတို့ရဲ့အမှားကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ အမေရိကန်မှာ ထိုးသတ်တဲ့ပွဲတွေကို တရားဝင်ကြေညာပြီးပြီးချင်း လက်မှတ်တွေကိုလည်း စတင်ရောင်းချပါတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ပွဲကို ကြေညာပြီးချိန်မှာတော့ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်အထိ လက်မှတ်မရောင်းချနိုင်ခဲ့ပါဘူး။ ဒါကို အကြောင်းပြချက်အနေနဲ့ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းအစုအဖွဲ့တစ်ခုအနေနဲ့ အတူတကွ အလုပ်လုပ်နေကြတာပါ''ဟု မေဝယ်သာက ပြောကြားခဲ့သည်။

''Royal Pain''ဟု အမည်ပေးထားသော ယင်းသရုပ်ပြလက်ဝှေ့ပွဲသည် ပရိသတ်ဝင်ရောက်မှု နည်းပါးသောကြောင့် ပွဲစတင်ချိန် နောက်ကျခဲ့ရပြီး မရောင်းရသည့် လက်မှတ်စောင်ရေ ထောင်နှင့်ချီရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ထုတ်ရေးသားခဲ့သည်။

 မေဝယ်သာသည် ၂၀၁၇ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကမှ တရားဝင်ကြေညာခဲ့ပြီးနောက် သရုပ်ပြလက်ဝှေ့ပွဲများကိုသာ ထိုးသတ်ခဲ့ပြီး ယခုနှစ်ပိုင်းအတွင်း ထိုးသတ်သည့် သရုပ်ပြပွဲအရေအတွက်မှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။

၎င်းသည် သူ၏သရုပ်ပြလက်ဝှေ့ပွဲအများစုကို အရှေ့အလယ်ပိုင်းတွင် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent