ပါဒါဘွန်း နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၇ ရက် ၀၀း၀၀ နာရီ)
ဘိုင်ယန်မြူးနစ်က ပါဒါဘွန်းနဲ့ဆုံတွေ့တိုင်း အနည်းဆုံး (၄)ဂိုးပြတ်နဲ့အထက် သွင်းယူခဲ့တယ်။ အစောပိုင်းအဆင့်တွေ မှာ လိုက်ပ်ဇစ်၊ ဒေါ့မွန်တို့ကို ကျော်ဖြတ်လာလို့ အခုဆုဖလားက ဘိုင်ယန်အတွက် (၇၀%)လောက် သေချာနေပါပြီ။ အသင်းမှာ လူပြန်စုံနေပြီး အရန်အင်အားလည်း တောင့်တင်းလာလို့ ဘိုင် ယန် လိုအပ်သလောက် ဂိုးပြတ်သွင်းလိမ့်မယ်။
လေဗာကူဆင် နှင့် ဝါဒါဘရီမင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၇ ရက် နံနက် ၂း၁၅ နာရီ)
ဝါဒါဘရီမင်က တဖြည်းဖြည်းနဲ့ လမ်းကြောင်းမှန်ပေါ် ပြန် ရောက်လာနေတယ်။ ဒါပေမဲ့ ဘွန်ဒစ်လီဂါတန်းဆင်းဇုန်နဲ့ ဝေး ရာကို အရောက်လှမ်းနိုင်ဖို့လိုနေသေးလို့ ဂျာမန်ဖလားပွဲကို စိတ်နှစ်ထားဖို့ မလွယ်ပါဘူး။ လေဗာကူဆင်ကတော့ ပြိုင်ပွဲစုံ နောက်ဆုံးပွဲ(၂၀)မှာ ဘိုင်ယန်ကိုပဲရှုံးနိမ့်ခဲ့ကာ အတည်ငြိမ်ဆုံး ဖြစ်နေတယ်။ အိမ်ရှင် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမယ့်ပွဲပါ။