ဆောက်သမ်တန်ကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် ချယ်လ်ဆီးနည်းစနစ်ဒါရိုက်တာ ဗီဗယ်လ် ဦးဆောင်ကာ ဂရေဟမ်ပေါ်တာနှင့်နည်းပြအဖွဲ့ကို အစည်းအဝေးပြုလုပ်

ဆောက်သမ်တန်ကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် ချယ်လ်ဆီးနည်းစနစ်ဒါရိုက်တာ ဗီဗယ်လ် ဦးဆောင်ကာ ဂရေဟမ်ပေါ်တာနှင့်နည်းပြအဖွဲ့ကို အစည်းအဝေးပြုလုပ်
Photo : Daily Mail
Photo : Daily Mail
Published 23 February 2023

ချယ်လ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ ဗီဗယ်လ်သည် ဆောက်သမ်တန်အား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းနည်းပြ ဂရေဟမ်ပေါ်တာနှင့် ၎င်းင်း၏နည်းပြအဖွဲ့ကိုခေါ် ယူကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း Evening Standard သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ (၁၈)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အသင်းအား (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီ အပြောင်းအရေ့ွှ့ဈေးကွက်နှစ်ခုတွင် ပေါင်သန်း (၆၀၀)ကျော် အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူထားသော်လည်း ရလဒ်များဆိုးရွား လျက်ရှိသည်။

ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးပရိသတ်များသည် အသင်းနည်းပြ ဂရေဟမ်ပေါ်တာအပေါ်  စိတ်ရှည်မှု ကုန်ဆုံးလာပြီဖြစ်ကြောင်းလည်း Evening Standard က ဖော်ပြခဲ့သည်။

ယင်းအခြေအနေတွင် အသင်း၏ နည်းစနစ်ဒါရိုက်တာ ဗီဗယ်လ်က ဦးဆောင်ကာ ဂရေဟမ်ပေါ်တာနှင့် နည်းပြအဖွဲ့ကို ခေါ်ယူကာ အသင်း၏ လေ့ကျင့်ရေးကွင်းတွင် အရေးပေါ် အစည်းအဝေး လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Evening Standard ၏ ဖော်ပြချက်အရ ယင်းအစည်းအဝေးတွင် အသင်းပူးတွဲပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ တော့ဒ်ဘိုလီ မပါဝင်ဘဲ ဒါရိုက်တာများ တက်ရောက်ခဲ့ကြပြီး လက်ရှိရင်ဆိုင်နေရသည့် အသင်းပြဿနာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Most Read

Most Recent