ရီးယဲလ်မက်ဒရစ်အား (၂-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ လီဗာပူးလ်အသင်း၏သမိုင်းတွင် အကြီးမားဆုံး ချန်ပီယံလိဂ်အိမ်ကွင်းရှုံးပွဲအဖြစ် မှတ်တမ်းဝင်

ရီးယဲလ်မက်ဒရစ်အား (၂-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ လီဗာပူးလ်အသင်း၏သမိုင်းတွင် အကြီးမားဆုံး ချန်ပီယံလိဂ်အိမ်ကွင်းရှုံးပွဲအဖြစ် မှတ်တမ်းဝင်
Photo : Getty Images
Photo : Getty Images
Published 23 February 2023

လီဗာပူးလ်အသင်းသည် အိမ်ကွင်းအန်ဖီးလ်တွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းအား (၂-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ (၂၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပကျော့ပွဲစဉ်၌ လီဗာပူးလ်အသင်းသည် အိမ်ကွင်း အန်ဖီးလ်တွင် ရီးယဲလ်အသင်းကို (၂-ဝ) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း (၅) ဂိုးပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၂-၅) ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းမှာ လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် အန်ဖီးလ်ကွင်း၌ အကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့သလို၊ ဥရောပပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပြိုင်ဘက်အသင်းကို အန်ဖီးလ်ကွင်း၌ ပထမဆုံးအကြိမ် (၅) ဂိုးပေးရသည့် စံချိန်မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ယခင်က လီဗာပူးလ်အသင်း၏ အကြီးမားဆုံး ချန်ပီယံအိမ်ကွင်းရှုံးပွဲ အဖြစ် (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ အောက်တိုဘာက ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းကိုပင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အန်ဖီးလ်ကွင်းတွင် ရီးယဲလ်အသင်းကို ယင်းကဲ့သို့ စံချိန်တင်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ်အသင်းကို ဘောလုံးဝေဖန်သူများက ဝေဖန်ပြစ်တင်ခဲ့ကြပြီး လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက ရှက်စရာကောင်းသည့် ရှုံးပွဲဖြစ်ကြောင်း ဒေါသတကြီးဝေဖန်ခဲ့သည်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ရီးယဲလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းအတွက် ဂိုးများအလွယ်တကူခွင့်ပြုခဲ့ခြင်းကို ပြစ်တင်ခဲ့သော်လည်း လက်ရှိတွင် အပြုသဘောဆောင်သည့်အမြင်များ မြင်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ၂၀၁၈-၁၉ ရာသီတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၌ ဘာစီလိုနာကို အဝေးကွင်းတွင် (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် (၄-ဝ) ဂိုးဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်တက်နိုင်ခဲ့သော်လည်း လက်ရှိတွင်မူ မဖြစ်နိုင်တော့ကြောင်း သုံးသပ်နေသည်။

လီဗာပူးလ်အသင်းသည် ရီးယဲလ်အသင်းနှင့်တွေ့ဆုံသည့် နောက်ဆုံး (၇) ပွဲတွင် နိုင်ပွဲမရှိဘဲ (၁)ပွဲသရေကျကာ (၆)ပွဲအထိ ရှုံးနိမ့်ထားသည်။

Most Read

Most Recent