PSG အသင်းသည် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြဟောင်း သောမတ်စ်တူဟယ်လ်အား အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
တူဟယ်လ်သည် ၂၀၁၉-၂၀ ရာသီတွင် PSG အသင်းအား ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် ရောက်ရှိစေရန် စွမ်းဆောင်နိုင်ခဲ့ပြီး ယင်းအချိန်က အသင်းအားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံရခြင်းဖြစ်သည်။
PSG အသင်းသည် နည်းပြ ဂယ်လ်ချီလက်ထက်၌ မျှော်လင့်ထားသကဲ့သို့ အောင်မြင်မှုမရသဖြင့် နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
တူဟယ်လ်သည် ပြီးခဲ့သည့်လများအတွင်းက ဘိုင်ယန်မြူးနစ်အသင်းနှင့်လည်း သတင်းထွက်ခဲ့သည်။