၂၀၂၃ Laureus အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများ ပေါ်ထွက်လာခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအမျိုးသားအားကစားသမားဆုကို PSG အသင်းမှ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ ရသင့်သည်ဟု စပိန်ဝါရင့်တင်း နစ်သမား နဒါးလ်က ထောက်ခံခဲ့ကြောင်းသိရသည်။
နဒါးလ်သည် ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့် အမျိုးသားအကောင်းဆုံးဆု ဆန်ခါတင် ခြောက်ဦးစာရင်းတွင် မက်ဆီအပြင် ဘာပေ(ပြင်သစ်/ဘောလုံး)၊ ဒူပလန်တစ် (ဆွီဒင်/ပြေးခုန်ပစ်)၊ စတီဖင်ကာရီ(အမေရိကန်/ဘက်စကတ်ဘော)၊ ဗာစတက်ပန်(နယ်သာလန်/ဖော်မြူလာဝမ်း)တို့နှင့်အတူ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
Instagram တွင် နဒါးလ်က "Laureus တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းမှာ ထပ်မံပါဝင်ခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ဒီနှစ်တော့ မက်ဆီက ဆုနဲ့ ထိုက်တန်ပါတယ်" ဟု ရေးသားခဲ့သည်။
Laureus တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နဒါးလ်က ၂၀၁၁နှင့် ၂၀၂၁၊ မက်ဆီက ၂၀၂၀ ခုနှစ်များတွင် ရရှိခဲ့ဖူးသည်။