နစကဥက္ကဋ္ဌက သရေစည်သူဘွဲ့ရရှိသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso နှင့် သီရိပျံချီဘွဲ့ရရှိသော ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးတို့အား နေပြည်တော်တွင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်

နစကဥက္ကဋ္ဌက သရေစည်သူဘွဲ့ရရှိသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso နှင့် သီရိပျံချီဘွဲ့ရရှိသော ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးတို့အား နေပြည်တော်တွင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်
Published 21 February 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် သရေစည်သူဘွဲ့ရ ရှိသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso နှင့် သီရိပျံချီဘွဲ့ရရှိသော ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေးတို့ အား နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက် က ဘွဲ့တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ် ထူးဆောင်တံဆိပ်များကိုချီးမြှင့်အပ်နှင်းခဲ့ ပြီး ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်း အနားများကိုအောင်မြင်စွာ ကျင်းပခဲ့ကာ အ ခမ်း အနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ် များထံ ရရှိသည့် ဂုဏ်ထူး ဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦး ချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်း ကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံ ယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများက သွားရောက်ချီးမြှင့် အပ်နှင်း ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း ဂုဏ်ထူး ဆောင်တံဆိပ်နှင့် အဆောင်အယောင် များ ချီးမြှင့် ခြင်းကို နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ အခမ်း အနားသို့နစကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊  Japan-Myanmar Association Chairman ဖြစ်သူမစ္စတာဟိဒဲအို၀ါတာနာဘေးနှင့် တာ ဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရ သည်။

ယင်းအခမ်းအနားတွင်ဦးစွာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူစိုးထွဋ်ကဘွဲ့တံဆိပ်ပေးအပ်သည့် အမိန့်များကိုဖတ်ကြား တင်ပြခဲ့ပြီးနောက် နစကဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သော ကြောင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ရရှိခဲ့သည့် Japan-Myanmar Association Chairman  ဖြစ်သူမစ္စတာဟိဒဲအို၀ါတာနာ ဘေးထံ သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင် အ ယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ ကြောင်းသိရသည်။

ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေး အတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့သော ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာ Taro Aso  အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ Japan-Myanmar Association Chairman ဖြစ်သူ မစ္စတာဟိဒဲအို၀ါတာနာဘေးက ဂျပန် နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကိုယ်စား လက်ခံရယူ ကြောင်းသိရသည်။

ထို့နောက် နစကဥက္ကဋ္ဌက ဘွဲ့တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ဂုဏ် ပြုစကားပြောကြားရာတွင် အဆွေတော် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများ စွာဆောင်ရွက်ခဲ့သည့် မိတ်ဆွေ ကောင်း တစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့်အဆွေ တော်ကို ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် အ ဆွေတော်အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မ တော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နိုင်ငံမှရင်းနှီး မြှုပ်နှံမှုများမြန်မာနိုင်ငံတွင် လာရောက် ဆောင်ရွက်နိုင်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဆွေတော်၏ ကြိုးပမ်းခဲ့မှုများကြောင့် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီး မှုများ ခိုင်မာစွာဖြင့်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ် ပြီး ယခုထက်ပိုမိုတိုးတက်အောင် ဆက် လက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည ် ကြောင်း၊ သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍ မရဘဲ ကမ္ဘာတည်သရွေ့ကျန်ရှိနေမည်ဖြစ်သဖြင့် ကောင်းမွန်သည့်သမိုင်းကို အတူတ ကွရေးထိုးရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဘွဲ့ တံဆိပ်ရရှိသည့်အတွက်လည်း အဆွေ တော်၊ အဆွေတော်၏မိသားစု၊ အဆွေ တော် ၏ နိုင်ငံတို့နှင့် ထပ်တူဂုဏ်ယူဝမ်းမြောက် ကြောင်းဖြင့် ပြောကြားသည်။

ထို့အတူ မစ္စတာဝါတာနာဘေးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ တွင် ယခုကဲ့သို့ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအ တွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့် ကိုက်ညီ သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခု ထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်မည်ဟု ကတိပြုပြောကြားလိုကြောင်း၊ ဝန်ကြီးချုပ် ဟောင်း အတွက်ဂုဏ်ပြုသည့် ဘွဲ့တံဆိပ်ကို ပေးအပ်မှုအတွက်လည်း ကျေးဇူးတင်ရှိ ကြောင်းနှင့် ၎င်းအနေဖြင့် ကိုယ်တိုင်လက်ခံရ ယူလိုသော်လည်း လက်ရှိအချိန်တွင် ဂျပန် နိုင်ငံ၌ လွှတ်တော်ရွေးကောက်ပွဲရှိခြင်း   ကြောင့်လာရောက်နိုင်ခြင်း မရှိကြောင်း၊ နစကဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ရှိကြောင်း ကို အမှာစကားပါးလိုက်ပါကြောင်း၊ ယခင် အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီ ဆောင်ရွက်မှုများကိုဆန်းစစ်၍ ယခုအချိန် တွင် လည်း ဆက်လက်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက် ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှု အတွက် မိမိအသက်ရှင်သန် နေသည့်အချိန် အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

Most Read

Most Recent