စည်သူဘွဲ့ရရှိသူ စာရေးဆရာ ဦးဝန်(မင်းသုဝဏ်)နှင့် ဦးလွင်(နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို အပ်နှင်း

စည်သူဘွဲ့ရရှိသူ စာရေးဆရာ ဦးဝန်(မင်းသုဝဏ်)နှင့် ဦးလွင်(နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို အပ်နှင်း
Published 21 February 2023

စည်သူဘွဲ့ရရှိသူ စာရေးဆရာဦးဝန် (မင်းသုဝဏ်)နှင့် ဦးလွင်(နိုင်ငံတော်ကောင် စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်က ဂုဏ်ထူးဆောင်ဘွဲ့များကို ဖေဖော်ဝါရီ ၁၉ ရက်တွင် အပ်နှင်းခဲ့ကြောင်း နစကက သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာ ကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဇော်ဟိန်းတို့က နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင် မိသားစုဝင်များ ရှိရာနေရာများသို့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင်သွားရောက်ပြီး လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဇော်ဟိန်းတို့က စည်သူဘွဲ့ရရှိသူဦးဝန်(မင်းသုဝဏ်) (စာရေးဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်) (နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent