"ဒီအတိုင်းဆို ဘဏ္ဍာရေးစည်းမျဉ်းက အဆုံးသတ်သွားတော့မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ထိရောက်မှုမရှိလို့ပါ။ မန်စီးတီးအသင်း အပြစ်မရှိဘူးဆိုရင် ဆုံးဖြတ်ချက်က ရှက်စရာကောင်းပါတယ်။ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုရင်လည်း ဆုံးဖြတ်ချက်က ရှက်စရာကောင်းတာပါပဲ။ ဒါဟာ ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးက အပြစ်မရှိဘူးဆိုရင် ဒဏ်ငွေပေါင်(၁၀)သန်း မပေးဆောင်ရသင့်ပါဘူး။ အပြစ်ရှိတယ်ဆိုရင် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်သင့်ပါတယ်"။
ဒါက ၂၀၂၀ ခုနှစ်တုန်းက မော်ရင်ဟို ပြောခဲ့တဲ့ မှတ်ချက်စကားပါ။ မန်စီးတီးအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် (၂)ရာသီပိတ်ပင်တဲ့ ပြစ်ဒဏ်နဲ့ ဒဏ်ငွေယူရိုသန်း(၃၀)ပေးဆောင်ဖို့ ချမှတ်ခဲ့ပြီးမှ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးပြီး ဒဏ်ငွေကိုလည်း ယူရို (၁၀)သန်းသာပေးဆောင်ဖို့ လျှော့ချပေးခဲ့တာကြောင့် မော်ရင်ဟိုက ဝေဖန်ခဲ့တာဖြစ်ပါတယ်။