◘ ဆလာနီတာနာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂း၁၅ နာရီ)
ဆလာနီတာနာက ရုန်းကန်နေရပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ လက်ချီနဲ့ပွဲမှာ နိုင်ပွဲပြန်ရှာနိုင်ခဲ့တယ်။ ဂျူဗင်တပ်စ်ကလည်း ကွင်းတွင်း၊ ကွင်းပြင် ပြဿနာတွေနဲ့ ရလဒ်တွေဆိုးရွားနေပြီး ခြေစွမ်းပိုင်းကလည်း အားရစရာလုံးဝ မရှိဘူး။ ဗလာဟိုဗစ်က အသင်းနဲ့ အဆင်မပြေသလို၊ တိုက်စစ်ကို ဦးဆောင်နေတဲ့ မွိုက်စ်ကိန်းကလည်း အားကိုးလို့မရပါဘူး။ ဒါ့အပြင် စီးရီးအေ နောက်ဆုံး(၃)ပွဲမှာ (၁၀)ဂိုးအထိ ပေးခဲ့ရတဲ့ ဂျူဗင်တပ်စ်ခံစစ်ကလည်း စိတ်ပျက်စရာအရမ်းကောင်းတယ်။ ပထမအကျော့ တွေ့ဆုံတုန်းကလည်း ဂျူဗင်တပ်စ် ဆလာနီတာနာကို အနိုင်မကစားနိုင်ခဲ့ဘူး။ အိမ်ရှင် အနည်းဆုံးသရေလောက်ရမယ်။
◘ ဆန်းထောင်ဆန် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၇ ရက် ည ၁၁း၃၀ နာရီ)
ဖရိုင်းဘတ်အသင်း ဘွန်ဒစ်လီဂါပွဲတွေ ပြန်လည်စတင်ချိန်မှာ ပွဲကျပ်အများစု ကစားရပြီး ရလဒ်ပိုင်းပါ ကျဆင်းသွားတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ဖရိုင်းဘတ်အသင်း အစောပိုင်း(၂)ပွဲမှာတော့ အချိန်ပိုအထိ ကစားခဲ့ရတယ်။ ဆန်းထောင်ဆန်ကတော့ ဘွန်ဒစ်လီဂါ-၂ မှာ တန်းဆင်းဇုန်နားကပ်နေတဲ့အသင်းပါ။ ဖရိုင်းဘတ်အသင်း အနိုင်ကစားလိမ့်မယ်။
◘ ဖရန့်ဖတ် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၂း၁၅ နာရီ)
ဖရန့်ဖတ်အသင်းက ပြိုင်ပွဲတွေ ပြန်လည်ကစားချိန်မှာလည်း ကမ္ဘာ့ဖလားကြောင့် မရပ်နားခင်အချိန် ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ်။ အသင်းရဲ့ပြင်သစ်တိုက်စစ်မှူး မူအာနီကလည်း တိုက်စစ်မှာ ပိုအသုံးတည့်လာနေပြီး နောက်ဆုံး(၃)ပွဲမှာ (၄)ဂိုးအထိ သွင်းယူထားတယ်။ ချန်ပီယံလိဂ်ပွဲတွေ လာတော့မှာဖြစ်လို့ ဖရန့်ဖတ်အသင်း အာရုံများနိုင်ပေမဲ့ အိမ်ကွင်းမှာတော့ ရလဒ်ကောင်းရအောင် အားထုတ်လိမ့်မယ်။ ဒမ်းစတက်ဒ်က ဘွန်ဒစ်လီဂါ-၂ကို ဦးဆောင်ထားတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံ
ပွဲ(၂၀)ဆက် ရှုံးပွဲမရှိခဲ့ဘူး။ ဖရန့်ဖတ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
◘ ဖလာမင်ဂို - အယ်လ်ဟီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁း၃၀ နာရီ)
ဖလာမင်ဂိုအသင်းမှာ ဗီဒယ်လ်၊ ဒေးဗစ်လူးဝစ်ဇ်၊ ဖိလစ်ပီလူးဝစ်၊ အယ်ဗာတန်၊ ဂျယ်ဆန်၊ အာရက်စကေတာ၊ ဘာဘိုဆာတို့လို ထင်ရှားတဲ့ကစားသမား အများအပြားရှိနေတာ တွေ့ရတယ်။ အယ်လ်ဟီလာအသင်းမှာလည်း မာရေဂါ၊ ကာရီယို၊ ဗီယက်တိုတို့လို ကစားသမားတွေကို အမာခံဖွဲ့စည်းထားပေမဲ့ အသင်းလိုက်အားချင်းယှဉ်ရင် အတော်လေးကွာခြားလွန်းနေတယ်။ အယ်လ်ဟီလာအသင်း စိတ်ဓာတ်ကောင်းပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့တော့ ဖလာမင်ဂိုအသင်းကို တုံ့ပြန်ကစားဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ ဖလာမင်ဂိုအသင်း ဂိုးပြတ်ဖို့များတယ်။