မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၂၂ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဥရောပနဲ့ တောင်အမေရိကကလပ်အသင်းကြီးတွေ ပါဝင်လာတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ပြိုင်ပွဲဝင်အသင်းတွေအကြား အဆင့်အတန်းနဲ့ ခြေစွမ်းကွာဟချက်ကြီးမားတာ၊ ဥရောပအသင်းတွေကသာ ချန်ပီယံဆုအမြဲလိုလို အခွင့်အရေး ကောင်းခဲ့တာတွေကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ပြိုင်ပွဲတစ်ခုမဟုတ်ပေမဲ့ တိုက်ကြီးအသီးသီးက ချန်ပီယံတွေ အားပြိုင်တဲ့ပြိုင်ပွဲဖြစ်လို့ ကမ္ဘာ့ကလပ်ချန်ပီယံဆိုတဲ့ အမည်နာမအောက်မှာ ဂုဏ်သိက္ခာအရ ကြီးကျယ်ခမ်းနားတာတော့ အမှန်ပါပဲ။
ရီးယဲလ်အတွက် ဖြေဆေး၊ ဖလာမင်ဂိုရဲ့မျှော်လင့်ချက်တွေနဲ့ ၂၀၂၂ ကလပ်ကမ္ဘာ့ဖလား
Photo: Getty Images