စပါးအသင်းနဲ့ပတ်သက်လာရင် ဘောလုံးပရိသတ်တွေ ပထမဆုံးတွေးမိပြောမိမှာက ဆုဖလားတွေခန်းခြောက်နေတဲ့ အသင်းကြီးတစ်သင်းရဲ့ အကြောင်းပါပဲ။ ဒီအကြောင်းအရာဟာ စပါးအသင်းသမိုင်းမှာ နှစ်ရှည်လများစွဲကပ်ထင်ကျန်နေတဲ့ အရိပ်ဆိုးဖြစ်တယ်။ ဖျောက်ဖျက်ဖို့ခက်ခဲနေတဲ့ အမဲစက်ဖြစ်တယ်။ ဆုဖလားတွေအကြောင်း ပြောကြ၊ ဆွေးနွေးကြပြီဆို စပါးအသင်းနဲ့သက်ဆိုင်သမျှ အရာရာဟာ အမြဲလိုလိုသိမ်ငယ်နေခဲ့ရတယ်။ ငုပ်လျှိုးပျောက်ကွယ်နေခဲ့ရတယ်။ ဆုဖလားတွေကိုမျှော်လင့်နိုင်တဲ့၊ ဆုဖလားတွေနဲ့ နီးနီးစပ်စပ်ရှိတဲ့ အဆင့်အတန်းမျိုးရောက်လာချိန်မှာ စပါးအသင်းဟာ မျှော်လင့်ချက်များစွာ၊ အိပ်မက်များစွာနဲ့ အားဖြည့်ပြင်ဆင်မှုတွေ အရှိန်အဟုန်ပြင်းပြင်းလုပ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိလည်း ဆုဖလားတွေနဲ့ ဝေးကွာနေရဆဲပါပဲ။ စပါးအသင်းနောက်ဆုံးဆုဖလားရခဲ့တဲ့ အချိန်ကာလကိုမေးမြန်းခဲ့ရင် စပါးပရိသတ်တွေတောင်အတော်လေးကို စဉ်းစားယူရမယ့်အခြေအနေမျိုးဖြစ်တယ်။ စပါးအသင်းဟာ နည်းပြဟောင်း ဟွမ်ဒီရာမို့စ်လက်ထက် ၂၀၀၇-၀၈ ရာသီ မှာ ချယ်လ်ဆီးအသင်းကိုအနိုင်ယူပြီး လိဂ်ဖလားချန်ပီယံဆုကို ရရှိခဲ့တာပါ။ ဒါဟာ (၂၁)ရာစုမှာ စပါးအသင်း ပထမဆုံးနဲ့ နောက်ဆုံးရရှိခဲ့တဲ့ဆုဖလားပါ။
ကွန်တီ၊ စပါးနဲ့ ဖေဖော်ဝါရီငရဲခန်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။