မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် နှင့် နွားထိုးကြီးမြို့နယ်တို့တွင် အမျိုးသားနှစ် ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် နတ် ကြီးကျေးရွာနေ ဦးချစ်လင်းအောင် (၃၁ နှစ်) သည် ၎င်းင်း၏ နေအိမ်၌ရှိနေစဉ် PDF လေးဦး က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်း အား - ဒလန်ဟုစွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ် ကာ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် ဦးချစ် လင်းအောင်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ လေးချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီတွင်လည်း မန္တလေးတိုင်းဒေသကြီး နွား ထိုးကြီးမြို့ (၄)ရပ်ကွက် ဂေါက်ကွင်းအရှေ့ မြင်းခြံ-ရေဝန်သွားကားလမ်းဘေး၌ အမျိုး သားတစ်ဦး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေ ဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားတွင် ခေါင်းဝဲချိုစောင်းနှင့် ယာပါး၌ ကျည်ဖောက် ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးနေသည် ကိုတွေ့ရှိရသဖြင့် သေဆုံးသူနှင့် ကျူးလွန်သူ များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက် နံနက် ၇ နာရီ မိနစ် ၄၀ ကလည်း မန္တလေးတိုင်းဒေသ ကြီး ငါန်းဇွန်မြို့နယ် သရက်ကန်ကျေးရွာ မြို့ သာ-နွားထိုးကြီးကားလမ်းဘေး ကျေးရွာအဝင် ဆိုင်းဘုတ်အနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးသိန်း (၅၅ နှစ်) သည် မြို့သာကျေးရွာမှ စျေးဝယ်ပြီး သရက်ကန်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦး တည်းပြန်လာစဉ် အခင်းဖြစ်နေရာအရောက် တွင် အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သ ဖြင့် ဦးစိုးသိန်းတွင် သေနတ်ထိမှန်ဒဏ်ရာ များရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် လည်း ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာနေ ဦးသောင်းမြင့် (၆၂ နှစ်) သည် ကျေးရွာ၏အ နောက်ဘက်ရှိ ၎င်းပိုင် တောင်ယာအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF လေးဦး (စိစစ်ဆဲ) က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေ နတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးသောင်းမြင့်တွင် နဖူးနှင့် ယာနားထင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ အ ခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။