စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုအား လာမည့်ရက်ပိုင်းအတွင်း ဘာစီလိုနာအသင်း စာချုပ်သစ်အတွက် ကမ်းလှမ်းသွားမည်

စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုအား လာမည့်ရက်ပိုင်းအတွင်း ဘာစီလိုနာအသင်း စာချုပ်သစ်အတွက် ကမ်းလှမ်းသွားမည်
Photo : Getty Images
Photo : Getty Images
Published 23 January 2023

ဘာစီလိုနာအသင်းသည် အသင်း၏ စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုအား လာမည့်ရက်ပိုင်းအတွင်း စာချုပ်သစ်အတွက်ကမ်းလှမ်းသွားရန် အသင်းနည်းပြဇာဗီမှ ခွင့်ပြုချက်ပေးထားကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၃၂)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်နောက်ခံလူ မားကို့စ်အလွန်ဆိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းမှ ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ (၁၇)ပွဲကစားပေးထားရာတွင် (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်သည်။

မားကို့စ်အလွန်ဆိုသည် မူလက ဘာစီလိုနာအသင်းတွင် ပုံမှန်နေရာအတွက် ရုန်းကန်နေရသော်လည်း ယခုနောက်ပိုင်းပွဲစဉ်များတွင် နည်းပြဇာဗီ၏ အလှည့်ကျပွဲထုတ်မှုနှင့်အတူ ပွဲကစားခွင့်များရရှိလာသူဖြစ်သည်။

မားကို့စ်အလွန်ဆိုသည် ဘာစီလိုနာအသင်းနှင့် တစ်နှစ်စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ယခုရာသီကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော်မားကို့စ်အလွန်ဆိုအနေဖြင့် ဘာစီလိုနာအသင်းနှင့် တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိနေပြီး ယခုယင်းသက်တမ်းတိုးခွင့်အား ဘာစီလိုနာနည်းပြဇာဗီက မီးစိမ်းပြခွင့်ပြုချက်ပြုခဲ့ပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အကယ်ဒမီထွက်ကစားသမားဟောင်းဖြစ်သူ မားကို့စ်အလွန်ဆိုသည် အသက် (၂၀)အရွယ် ၂၀၁၀ ခုနှစ်က ရီးယဲလ်အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရသော်လည်း ပုံမှန်ပွဲကစားခွင့်မရရှိသည့် အတွက် အင်္ဂလန်ကလပ် ဘော်လ်တန်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ဖီအိုရင်တီးနား၊ ဆန်းဒါးလန်းနှင့် ချယ်လ်ဆီးအသင်းများတွင်ကစားခဲ့သည်။

Most Read

Most Recent