Manchester United Prepaid Card နှင့် FIFA Prepaid Card များ၏ ဝန်ဆောင်မှုများကို အခြေအနေ အရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်ရကြောင်း CB ဘဏ်ထုတ်ပြန်

Manchester United Prepaid Card နှင့် FIFA Prepaid Card များ၏ ဝန်ဆောင်မှုများကို အခြေအနေ အရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်ရကြောင်း CB ဘဏ်ထုတ်ပြန်
Published 19 January 2023

Manchester United Prepaid Card နှင့် FIFA Prepaid Card များ၏ ဝန်ဆောင်မှုများကို အခြေအနေ အရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်ရကြောင်း CB ဘဏ်က ထုတ်ပြန်သည်။

CB ဘဏ်က ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးကြေညာခြင်းဟုဆိုကာ “CB Bank က ထုတ်လုပ်ထားသည့် Manchester United Prepaid Card နှင့် FIFA Prepaid Card များ၏ ဝန်ဆောင်မှုများကို အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်ရသဖြင့် သုံးစွဲသူ Customer များ အဆင်မပြေမှုများ ကြုံတွေ့ရသည့်အပေါ် အနူးအညွတ် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းများအနေဖြင့် ယင်းကတ်များပိတ်သိမ်းခြင်း (သို့မဟုတ်) အခြားသောကတ်ဒီဇိုင်းများနှင့် အစားထိုးလျှောက်ထားခြင်းတို့ကို လုပ်ဆောင်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “အဲကတ်ထဲက ပိုက်ဆံကို ဘာလုပ်ပေးမလဲရယ် အဲကတ်ရှိသူတွေကို တခြားကတ်အစားထိုးလျှောက်မယ်ဆို ကတ်ဖိုး free လုပ်ပေးသင့်တယ် userဘက်ကပြောင်းလဲတာမဟုတ်ပဲ bankကြောင့် ပြောင်းလဲတာမို့ တာဝန်ယူပေးသင့်တယ် ဒီနေ့ bank သွားတော့ မြန်မာငွေရတဲ့ အခြားကတ်တွေလဲမရဘူးပြောနေတယ် ဘဏ်ဘက်က မြန်မာငွေကို လက်မခံ တာလား” ဟု CB ဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရသည်။

ယင်းကတ်များကို အသုံးပြုသူများအနေဖြင့် ကတ်စတင်ပြုလုပ်စဉ်က ကျပ်နှစ်သောင်းကုန်ကျခဲ့ကြောင်း CB ဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝင်ရောက်ရေးသားထားသည်ကို တွေ့ရသည်။

Most Read

Most Recent