သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းမ စုပေါင်းမှတ်တိုင်ရှေ့တွင် အမျိုးသားတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရပြီး သေဆုံးမှု ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၂ ရက် ၊ နံနက် ၆ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ ၊ သံသုမာလမ်းမ ၊ စုပေါင်းမှတ်တိုင်အနီးတွင် အမျိုးသားတစ်ဦးယာဉ်တိုက်ခံရကြောင်း သတင်းရသဖြင့် Medical လူငယ်များ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ သွားရောက်ခဲ့ကြောင်း သိရသည်။
“မနက် ၆ နာရီလောက်မှာ စုပေါင်းမှတ်တိုင်မှာ လူတစ်ဦးယာဉ်တိုက်ခံရတယ်ဆိုလို့ သွားရောက်ခဲ့တာပါ။ကားလမ်းကူးရင်း တိုက်ခံရတာလို့ သိရပါတယ်”ဟု Medical လူငယ်များ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ Dr ဦးလရောင်နေက ပြောကြားသည်။
ယာဉ်တိုက်ခံရသည့် အမျိုးသားမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်ပြီး သေဆုံးခဲ့သည့် Dead Body အား စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ယာဉ်မောင်းအား သက်ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ကနဦးစုံစမ်းချက်များအရ သိရသည်။