ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်ကြီး-မုန်းကားလမ်းရှိ တံတားတစ် စင်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီ ၃၅ မိ နစ်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ နယ် ဒုံးတိုကျေးရွာအနီးရှိ ကျောက်ကြီး-မုန်း ကားလမ်း မိုင်တိုင်အမှတ် ၅၆ မိုင် ၃ ဖာလုံရှိ တံတားအမှတ် (၁/၅၇) အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အလျားပေ ၄၀၊ အနံသုံးပေရှိ RCC ရေဆင်း ပိုက်ပြွန်တံတားတစ်စင်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် တံတားအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ဆောင် ရွက်လျက်ရှိကြောင်းနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။