The Glory တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲမှ မွန်ဒုံအွန်းကို အတန်းဖော်များက ဗိုလ်ကျညှင်းဆဲသည့်ဇာတ်ဝင်ခန်းသည် ကြည့်ရှုသူပရိသတ်အများစုကို တုန်လှုပ်စေခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက်ကပြသသည့် အပိုင်းတွင် မွန်ဒုံအွန်း၏လက်ကို လူမိုက်ကျောင်းသူအဖွဲ့က ဆံပင်ပုံသွင်းစက်ဖြင့် အပူလောင် အောင်နှိပ်စက်သည့် ဇာတ်ဝင်ခန်းပါသည်။
၎င်းကိုကြည့်ပြီးသည့်နောက် အွန်လိုင်းတွင် ပရိသတ်အများစုက သရုပ်ဆောင်များ၏ သရုပ်ဆောင်ပီပြင်မှုကို ချီးလည်းချီးကျူး၊ယင်းဇာတ်ဝင်ခန်းက မည်မျှရက်စက်သည်ကိုလည်း ပြောဆိုနေကြသည်။
ပိုတုန်လှုပ်စရာကောင်းသည်က ယင်းဇာတ်ဝင်ခန်းကဲ့သို့ ၂၀၀၆ ခုနှစ်က ဖြစ်ရပ်မှန်ရှိခဲ့သည်ဆိုသည့် အချက်ပင်ဖြစ်သည်။ချောင်း ဂျူမြို့ရှိ မိန်းကလေးကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကျသည့်အဖွဲ့ခေါင်းဆောင်ကခေါ်သည်ကို အလာနောက်ကျ သည့်အတွက် ကျောင်းသူတစ်ဦးကို ၀ိုင်းနှိပ်စက်ကြခြင်းဖြစ်သည်။အဖွဲ့ခေါင်းဆောင်ကျောင်းသူကိုလည်း မြို့အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ခဲ့သည်။
အတိတ်က အနိုင်ကျင့်ခံခဲ့ရမှုများအတွက် မိမိကိုယ်တိုင်ဆရာမဖြစ်အောင် ကြိုးစားပြီး တပည့်များ၏မိဘများကို ပြန်လက်စား ချေသည့်ဇာတ်ကောင်ကို ဆောင်းဟေကိုက သရုပ်ဆောင်ထားသည်။
The Glory ကို ဇာတ်ညွှန်းရေးသူမှာ Descendants of the sun ဇာတ်လမ်းတွဲကိုရေးခဲ့သည့် နာမည်ကျော်ဇာတ်ညွှန်း ရေးဆရာမပင် ဖြစ်သည်။