ပရီးမီးယားလိဂ်ပွဲစဉ်(၂၅) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၅) ပွဲကြိုသုံးသပ်ချက်
Published 30 January 2018

ဆွမ်ဆီး နှင့် အာဆင်နယ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃၁ နံနက် ၂း၁၅ နာရီ)

အိမ်ကွင်းနောက်ဆုံးပွဲမှာ လီဗာပူးလ်ကို ဆွမ်ဆီးအံ့အား သင့်ဖွယ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာလည်း အာဆင်နယ်ကို ဒုက္ခ ပေးဦးမယ်ထင်တယ်။ အာဆင်နယ်ကွင်းလယ်မှာ မစ်ခီတာရီ ယန်ပါဝင်လာနိုင်လို့ အပြောင်းအလဲတစ်ခုကို မြင်တွေ့ရနိုင်ပေ မယ့် တိုက်စစ်ဂိုးသွင်းနှုန်းကို သတိထားရဦးမယ်။ ဆွမ်ဆီးအ မှတ်ရနိုင်ပြီး အာဆင်နယ်နိုင်ရင်လည်း ဂိုးမပြတ်ပါဘူး။

ဟတ်ဒါဖီးလ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃၁ နံနက် ၂း၁၅ နာရီ)

ဗန်ဒိုက်ရောက်လာပေမယ့် လီဗာပူးလ်ရဲ့ ခံစစ်ပြဿနာ တွေ အဆုံးမသတ်သေးဘူး။ တိုက်စစ်က ဟတ်ဒါဖီးလ်ဘက် ကို ဂိုးသွင်းယူနိုင်မှာသေချာတယ်။ ဟတ်ဒါဖီးလ်အမြင့်ဆုံးတစ်မှတ် ပဲ မျှော်လင့်သင့်ပြီး လီဗာပူးလ် ကပ်နိုင်ဖို့များတယ်။

ဝက်စ်ဟမ်း နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃၁ နံနက် ၂း၃၀ နာရီ)

ဝက်စ်ဟမ်းရဲ့ ခြေစွမ်းကမှန်းဆရခက်ပေမယ့် နောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲမရှိအောင်ကစားထားနိုင်တယ်။ တိုက်စစ်မှာက စားသမားကောင်းတချို့ရှိနေပြီး ပဲလေ့စ်ဘက်ကို ဂိုးသွင်းယူဖို့ မခက်ပါဘူး။ ဝက်စ်ဟမ်း (၂-၁)လောက်နဲ့ နိုင်မယ်။

Most Read

Most Recent