■ ပြင်သစ်လီဂူးနဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးနဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 6 May 2022

■ ပြင်သစ်လီဂူးပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

ဘရက်စ် - စထရာဘိုး (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၉:၃၀ နာရီ)

 စထရာဘိုးက ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ခပ်ပါးပါး ရှိနေသေးပေမဲ့ လက်ရှိမှာတော့ ရလဒ်ပိုင်းယိမ်းယိုင်မှုတွေကို ကြုံတွေ့နေရတယ်။ ဘရက်စ်ကအမှတ်မလိုပါဘူး။ ဥရောပဝင် ခွင့်တစ်နေရာအတွက် စထရာဘိုးတို့ နိုင်ပွဲပြန်ယူပါလိမ့်မယ်။

 

 

■ ပြင်သစ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်



နိုက်စ် - နန့်စ်  (မြန်မာစံတော်ချိန် မေလ ၈ ရက် နံနက် ၁:၃၀ နာရီ)

နှစ်သင်းစလုံး ပြင်သစ်ဖလားပြိုင်ပွဲမှာ (၃)ကြိမ်စီဗိုလ်စွဲထားဖူးတဲ့ အသင်းတွေပါ။ ဒါပေမဲ့ တစ်ကျော့ပြန်ဗိုလ်လုပွဲတက်ရောက်ဖို့ ဆယ်စုနှစ် (၂)ခုကျော်ကြာစောင့်ဆိုင်းခဲ့ရပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆုဖလားအောင်ပွဲအတွက် နှစ်သင်းစလုံးရေကုန်ရေခန်းတိုက်ပွဲဝင်ပါလိမ့်မယ်။ လက်ရှိခြေစွမ်းအရတော့ နိုက်စ်က ခြေပိုငြိမ်တယ်လို့ဆိုရမှာဖြစ်ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာတော့ ကွာခြားချက်ကြီးကြီးမားမားမရှိပါဘူး။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းအရ အကြိတ်အနယ်ရှိတဲ့ပွဲဖြစ်လာနိုင်ပြီး နိုက်စ်အသင်း ချန်ပီယံအဖြစ် အောင်ပွဲခံသွားဖို့ ရှိနေပါတယ်။