■ စီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 6 May 2022

တိုရီနို - နာပိုလီ (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၇:၃၀ နာရီ)

နာပိုလီက ဆာဆူအိုလိုနဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပေမဲ့ ချန်ပီယံမျှော်လင့်ချက်ကတော့ အတော်လေး နည်းပါးခဲ့ပါပြီ။ ဒါကြောင့် နာပိုလီအသင်း အင်ပြည့်အားပြည့်နဲ့ ကစားပါ့မလားဆိုတာကလည်း သံသယဝင်စရာကောင်းနေတယ်။ တိုရီနိုက အသင်းကောင်းတစ်သင်းဖြစ်ပြီး ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ အတော်လေး ကောင်းမွန်နေတယ်။ အိမ်ရှင် တိုရီနိုဘက်ကပဲ ရပ်တည်သင့်ပါတယ်။



ဆာဆူအိုလို - အူဒီနီးစ် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၁၀:၃၀ နာရီ)

ပထမအကျော့က ဆာဆူအိုလိုကို အပြန်အလှန်သွင်းဂိုး တွေနဲ့ အူဒီးနီးစ်အနိုင်ရခဲ့တယ်။ လက်ရှိခြေစွမ်းပိုင်းကို ကြည့်ရင်လည်း သိပ်မကွာပါဘူး။ ဒါပေမဲ့ နောက်ဆုံး (၃)ပွဲဆက်ရှုံးပွဲ ဆက်ထားတဲ့ ဆာဆူအိုလို နိုင်ပွဲပြန်ရှာမယ့်ပွဲလို့ ထင်မိတယ်။



လာဇီယို - ဆမ်ဒိုရီးယား (မြန်မာစံတော်ချိန် မေလ ၈ ရက် နံနက် ၁:၁၅ နာရီ)

လာဇီယိုက ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ အာမခံချက်မရှိသေးဘူး။ ဆမ်ဒိုးရီးယားကတော့ နောက်ဆုံးပွဲမှ နိုင်ပွဲပြန်ရခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်းကလည်း အားရစရာမရှိပါဘူး။ လာဇီယို နိုင်ပွဲဆက်ပါလိမ့်မယ်။