■ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲနဲ့ မြန်မာဘောလုံးအသင်းတွေရဲ့ မျှော်လင့်ချက်

■ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲနဲ့ မြန်မာဘောလုံးအသင်းတွေရဲ့ မျှော်လင့်ချက်
Photos: MFF
Photos: MFF
Published 6 May 2022
ရဲရင့်သွေး

COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့ (၃၁)ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲကို မေ (၆)ရက် (ယနေ့)ကစပြီး ကျင်းပတော့မှာဖြစ်ပါတယ်။ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားကစားနည်း (၄၀)  ထည့်သွင်းကျင်းပမှာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးကတော့ ဘောလုံးပြိုင်ပွဲပဲဖြစ်ပါတယ်။ အိမ်ရှင်ဗီယက်နမ်နိုင်ငံဟာ ဘောလုံးအားကစားနည်းမှာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ (၂)ခုစလုံး ထည့်သွင်းကျင်းပတာဖြစ် ပြီး ရွှေတံဆိပ်ထပ်မံရယူနိုင်ဖို့ ရည်မှန်းချက်ထားနေတဲ့အပြင် တခြားနိုင်ငံတွေရဲ့ မျှော်လင့်ချက်တွေကြောင့်လည်း ဒီနှစ် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်တွေကလိုပဲ စိတ်လှုပ်ရှားစရာ ပွဲကောင်းတွေနဲ့ စောင့်ကြိုနေမှာ သေချာပါတယ်။