■  PSG အသင်းနှင့် ဘာပေ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု Le Parisien ဖော်ပြခဲ့သော်လည်း ၎င်း၏မိခင် ငြင်းဆန်

■  PSG အသင်းနှင့် ဘာပေ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု Le Parisien ဖော်ပြခဲ့သော်လည်း ၎င်း၏မိခင် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 6 May 2022

PSG အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု Le Parisien က ဖော်ပြခဲ့သော်လည်း အချိန်ပိုင်းအတွင်းမှာပင် ၎င်း၏မိခင်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။

    

ဘာပေသည် ယခုနွေရာသီတွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းထံ ပြောင်းရွှေ့မည်ဟု ထင်ကြေးပေးခံနေရသူဖြစ်သည်။ ရီးယဲလ်အသင်းနှင့် သဘောတူညီမှု ရရှိထားပြီဟုလည်း သတင်းထွက်ခဲ့ဖူးသည်။ 

သို့သော် ယင်းသတင်းများကို ဘာပေက ငြင်းဆန်ခဲ့ပြီး အနာဂတ်အတွက် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်း တုံ့ပြန်ခဲ့ဖူးသည်။ 

ယင်းအတွက် ဘာပေအနေဖြင့် ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ရန် ဆန္ဒရှိသော်လည်း PSG အသင်း၏ မက်မောလောက်ဖွယ်ကမ်းလှမ်းမှုကြောင့် ဝေခွဲရခက် နေခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။ 

    

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြင်သစ်သတင်းစာ Le Parisien က PSG အသင်းသည် ဘာပေကို (၂)နှစ်သက် တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းမှာ PSG အသင်းတာဝန်ရှိသူများထံမှ ပေါက် ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

Le Parisoen က PSG အသင်းသည် ဘာပေကို တစ်နှစ်လစာ ယူရိုသန်း(၅၀) ဖြင့် (၂)နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့သည့်အပြင် နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်မည့်အချက်လည်း ပါဝင်ကြောင်း၊ သစ္စာရှိကြေးအဖြစ် ယူရိုသန်း(၁၀၀)ရရှိသွား မည်ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ယင်းသတင်းကို အခြားမီဒီယာများကလည်း ထပ်ဆင့်ဖော်ပြခဲ့ကြသော်လည်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက မဟုတ်မှန်ကြောင်းနှင့် ၎င်းင်း၏ မိခင်ဖြစ်သူက ငြင်းဆန်ထားကြောင်း Twitter တွင် ဖော်ပြခဲ့သည်။ 

ဘာပေ၏ မိခင်က ကြေညာချက်ထုတ်ပြန်ကာ တရားဝင်ငြင်းဆန်ခဲ့ခြင်းဖြစ်ပြီး "PSG အသင်း ဒါမှမဟုတ် တခြားဘယ်အသင်းနဲ့မှ သဘောတူညီမှု ရရှိထားခြင်းမရှိပါဘူး။ ဘာပေရဲ့ အနာဂတ်အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး သူ အကောင်းဆုံး ရွေးချယ်ဖို့လည်း ခွင့်ပြုပေးထားပါတယ်။ ပတ်သက်ဆက်နွယ်နေသူအားလုံးကိုလည်း လေးစားမှုထား ထားပါတယ်"ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။