■ အီကွေဒေါကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ရန် ချီလီတောင်းဆို

■ အီကွေဒေါကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ရန် ချီလီတောင်းဆို
Published 6 May 2022

ချီလီဘောလုံးအဖွဲ့ချုပ်သည် အီကွေဒေါအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်ရန် ဖီဖာထံ တောင်းဆိုခဲ့ကြောင်း သိရသည်။ 

အီကွေဒေါအသင်းသည် တောင်အမေရိကဇုန်ခြေစစ်ပွဲတွင် အဆင့်(၄)နေရာရရှိကာ ကမ္ဘာ့ဖလားယှဉ် ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ကာတာအသင်းပါဝင်သည့် အုပ်စု (A) တွင် ကျရောက်နေသည်။ 

သို့သော် ချီလီဘောလုံး အဖွဲ့ချုပ်က အီကွေဒေါအသင်းသည် ကိုလံဘီယာကစားသမား ဘိုင်ရွန်ကတ်စတီလိုကို စည်းမျဉ်းချိုးဖောက်ကာ အသုံးပြုခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထုတ်ပယ်သင့်ကြောင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

တောင်အမေရိကတွင် ယင်းကဲ့သို့ ပြဿနာများ မကြာခဏ ပေါ်ပေါက်လေ့ရှိကြောင်းလည်း သိရသည်။