■ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကို  ဘောလုံးသုံးသပ်သူများနှင့် မီဒီယာများ ၀ိုင်းဝန်းချီးကျူးနေ     

■ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကို  ဘောလုံးသုံးသပ်သူများနှင့် မီဒီယာများ ၀ိုင်းဝန်းချီးကျူးနေ     
Photo: Getty Images
Photo: Getty Images
Published 6 May 2022

ရီးယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်သို့ ပို့ ဆောင်ပေးခဲ့ပြီးနောက် အသင်းနည်းပြဖြစ်သူ အန်ဆယ်လော့တီအား ဘောလုံးသုံးသပ်သူများနှင့် မီဒီယာများက ၀ိုင်းဝန်းချီးကျူးနေကြကြောင်း သိရှိရသည်။

    

အန်ဆယ်လော့တီသည် မန်စီးတီးအသင်းနှင့် ပွဲစဉ်ကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့ပြီး ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ကာ စိတ်ခံစားမှုကို ပြသ ခဲ့ခြင်းမရှိဘဲ ဦးဆောင်ခဲ့ရာ BT Sports ၏ သုံးသပ်သူတစ်ဦးဖြစ်သည့် ရီယိုဖာဒီနန်က "အန်ဆယ်လော့တီရဲ့ ကိုယ်အမူအရာက ဘယ်ခေတ်က ဘယ်နည်းပြနဲ့မဆို ကွဲပြားခြားနားပါတယ်။ သူက အရမ်းတည်ငြိ်မ်တယ်။ ရင့်ကျက်တယ်။ ပြီးတော့ ပွဲကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို သိပါတယ်"ဟု ချီးကျူးခဲ့သည်။  

ရီးယဲလ်မက်ဒရစ်နှင့် လီဗာပူးလ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် မက်မက်နာမန်ကလည်း "သူက မနှစ်က  အဲဗာတန်မှာ၊ ပြီးတော့ ရီးယဲလ်မက်ဒရစ်ကို ပြန်သွားပြီး မယုံနိုင်စရာ အလုပ်ကို လုပ်ပြနိုင်ခဲ့တယ်။ သူက တကယ့်စူပါစတားပါ။ သူ့ရဲ့စံချိန်တွေ၊ ဆုတံဆိပ်တွေက သူ့ ကို အပြည့်အဝ ဖော်ညွန်းပါတယ်"ဟု ဆိုခဲ့သည်။ 

မန်စီးတီးကစားသမားဟောင်း လက်စ်ကော့ကလည်း "ဒီကစားသမားအုပ်စုကို သူ ဘယ်လို ဦးဆောင်နေသလဲဆိုတာကြည့်ရင် သူ  ဘယ်လိုနည်းပြလဲဆိုတာ သိနိုင်ပါတယ်"ဟု ချီးကျူးသွားခဲ့သည်။