■ ဘောလုံးသည် အလွန်ခန့်မှန်းရခက်သည့် အရာဖြစ်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား

■ ဘောလုံးသည် အလွန်ခန့်မှန်းရခက်သည့် အရာဖြစ်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 6 May 2022

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက အလွန်စိတ်လှုပ်ရှားစရာအခြေအနေမျိုးဖြင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ဘောလုံးသည် အလွန်ခန့်မှန်းရခက်သည့် အရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    

မန်စီးတီးအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို ပထမအကျော့ပွဲစဉ်တွင် ဂိုးပြတ်နိုင်ပွဲရလောက်သည့် အခွင့်အရေးများကို ဖြုန်းတီးကာ (၄-၃)ဂိုးဖြင့် ကပ်နိုင်ခဲ့ပြီး နောက် ဒုတိယအကျော့တွင်လည်း ပွဲကို အဆုံးသတ်နိုင်သည့် အခွင့်အရေးများရခဲ့သည်။ 

ထို့အတူ မာရက်ဇ်၏ သွင်းဂိုးဖြင့် ဦးဆောင်ပြီးနောက် မိနစ် (၉၀)အထိ နှစ်ကျော့ပေါင်း  ရလဒ်အသာစီး ယူထားပြီးမှ ရီးယဲလ်မက်ဒရစ်အသင်းက မိနစ် (၉၀)နောက်ပိုင်းတွင် ချေပဂိုး၊ အနိုင်ဂိုးများရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    

ဂွါဒီယိုလာက "ကျွန်တော်တို့ အရမ်းနီးစပ်ခဲ့ပါတယ်။ အရမ်းကို နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်တော်တို့ မရောက်ရှိခဲ့ဘူး။ အခြေအနေက ရှင်းပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ အရမ်းမကောင်းခဲ့ဘူး။ မလုံလောက်ခဲ့ဘူး။ ဒါပေမဲ့ ဘာဒုက္ခမှာလည်း မတွေ့ခဲဘူး။ ဒါပေမဲ့ တစ်ဂိုးသွင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပိုကောင်းလာခဲ့တယ်။ ကျွန်တော်တို့အသင်းရဲ့  Tempoကို ပြန်ရပြီး ကျွန်တော်တို့ပဲဲွဖြစ်ခဲ့တယ်။ သက်သောင့်သက်သာ ပိုဖြစ်လာခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး ဆယ်မိနစ်မှာ သူတို့ စတင်တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော်တို့ ဂိုးဧရိယာထဲကို သူတို့ကစားသမားတွေ အများကြီးရောက်လာပြီး ကျွန်တော်တို့ နှစ်ဂိုးပေးလိုက်ရတယ်။ ကျွန်တော်တို့အကောင်းဆုံးမကစားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ရဲ့ပုံမှန်ခြေစွမ်းမဟုတ်ဘူး။ ဒါပေမဲ့ ဆီမီးဖိုင်နယ်ဆိုတော့ ဒီလိုပါပဲ။ ဖိအားတွေလည်းရှိပါတယ်။ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ဖို့ လိုပါသေးတယ်"ဟု ပြောကြားခဲ့သည်။