မြောက်ဒဂုံမြို့နယ် (၃၆) ရပ်ကွက်ရှိ ယာဉ်ထိန်းရဲသင်တန်းကျောင်းတွင် မတ် ၇ ရက် ည ၇ နာရီခန့်က ပေါက်ကွဲမှုများဖြစ်ပွား ခဲ့ကြောင်း အဆိုပါနေရာအနီး နေထိုင်သူများ ထံမှ သိရသည်။
အဆိုပါ ၃၆ ရပ်ကွက် ဗိုလ်ဆွန်ပက်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲ သင်တန်းကျောင်းဝင်းအတွင်းသို့ လက်လုပ်ဗုံး များဖြင့် လာရောက်ပစ်ပေါက်ရာမှ ပေါက်ကွဲမှု များ ဖြစ်ပွားကာ ပေါက်ကွဲသံများ ကြားခဲ့ရ ကြောင်း ယင်းရပ်ကွက်မှ သင်တန်းကျောင်း အနီး နေသူတစ်ဦးက ပြောကြားခဲ့သည်။
(၃၆) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “မနေ့ကညက ပေါက်ကွဲသံတွေ ဆူညံနေတာ ပဲ။ ကြားနေရတယ်။ သင်တန်းကျောင်းဝင်း ထဲက လာတဲ့ပေါက်ကွဲသံတွေပေါ့။ လက်လုပ် ဗုံးတွေနဲ့ လာပစ်တာလို့သိရတယ်။ ယာဉ်ထိန်း သင်တန်းကျောင်းဘက်က သေတာပြုတာ မျိုးတော့ မကြားမိသေးဘူး။ ဝင်းထဲကနေ ပြန် ပစ်တာတို့လည်း မကြားမိဘူး” ဟု ပြောကြားသည်။
အဆိုပါ ပေါက်ကွဲမှုများကြောင့် ယာဉ် ထိန်းသင်တန်းကျောင်းအတွင်း ထိခိုက်/ဒဏ် ရာရသူများ ရှိနိုင်ကြောင်း လူမူကွန်ရက်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း သက် ဆိုင်ရာက ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်း မပြုသေးချေ။
ထို့အတူ တောင်ဥက္ကလာပမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဖေဖော် ၀ါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်း နှင့် သုမင်္ဂလာလမ်းထောင့် ၁၄-၁၅ လမ်းဆုံရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီပိုင် ရန်ကုန်အရှေ့ပိုင်းယာဉ်ငယ်ရပ်နား စခန်း (၁) ရှေ့ ရေမြောင်းအနီးတွင် ဖေဖော် ၀ါရီ ၂၅ ရက် ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုမှာ ယာဉ်ငယ်ရပ်နားစ ခန်းအနီးတွင် အမျိုးသားတစ်ဦးက လက်လုပ် ဗုံးထားရှိရန်ပြင်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ် ပွားကာ ၎င်းင်းကိုယ်တိုင်လည်း ဒဏ်ရာရရှိပြီး ဖမ်းဆီးခံရကြောင်း သိရသည်။
ထို့ပြင် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းပေါ် ရှိ မြို့နယ်အခွန်ရုံးဝင်း နောက်ကျော၌ ဖေ ဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီခန့်က ပေါက် ကွဲမှုဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် ရုံး ပိတ်သည့်အချိန်ဖြစ်ပြီး ဝန်ထမ်းများမရှိ ကြောင်း၊ သို့သော် ဒဏ်ရာရသူ ရှိ မရှိကိုမူ မ သိရှိကြောင်း ဒေါပုံမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။















