ရိုးမားအသင်းနည်းပြဟောင်း ဖွန်ဆီကာက မန်ယူအသင်းနှင့် သတင်းများ ထွက်ပေါ်သဖြင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြရာထူးမှ ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် ဖွန်ဆီကာသည် နည်းပြသစ်လျာထားစာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဖွန်ဆီကာသည် စပါးအသင်းနည်းပြအဖြစ် ကွန်တီ မခန့်အပ်မီအချိန်ကလည်း စပါးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားသူများထဲတွင် ပါဝင်ခဲ့သည်။
ဖွန်ဆီကာက '' ကျွန်တော့်ကို ယုံကြည်သူတွေအတွက် ကျေးဇူးတင်ပါတယ်။ ခုတော့ ကျွန်တော် အသင်းလက်မဲ့ဖြစ်နေဆဲပါ'' ဟု ဆိုခဲ့သည်။