အော့စ်ဘတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်ဘက်မှာ နောက်တစ်ဆင့်တက်ရောက်ထားပြီးဖြစ်သလို၊ အုပ်စုပထမနေရာရဖို့ ကလည်း (၉၉.၉၉%)သေချာနေတယ်။ ဒါ့ပြင် ဘွန်ဒစ်လီဂါမှာလည်း ဖရန့်ဖတ်ကို မထင်မှတ်ဘဲ အရေးနိမ့်ပြီးကတည်းက ဖိဖိစီးစီးကစားနေတာ တွေ့ရတယ်။ အော့စ်ဘတ်ကွင်းတွေ့ဆုံမှု နောက်ဆုံး(၇)ပွဲမှာလည်း ဘိုင်ယန်အသင်းက (၁)ပွဲသာ သရေကျပြီး (၆)ပွဲအထိ အနိုင်ကစားထားကာ အပြတ်အသတ် အသာစီးရယူထားတယ်။ အော့စ်ဘတ်ကတော့ နောက်ပိုင်းပွဲတွေမှာ အိမ်ကွင်းစွမ်းဆောင်ရည်တက်လာတယ်။ ဘိုင်ယန်အသင်း (၃)ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။