ဘာစီလိုနာအသင်းသို့ တစ်ကျော့ပြန် ပြောင်းရွှေ့လာသည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ အဲလ်ဗတ်စ်က အသင်းသို့ပြန်လာရခြင်းကို စူပါဟီးရိုးတစ်ဦးကဲ့သို့ ခံစားမိသည်ဟု ဖွင့်ဟခဲ့သည်။
BarcaTV+ နှင့်တွေ့ဆုံမှုတွင် အဲလ်ဗတ်စ်က "ကျွန်တော် အံ့အားသင့်ရပါတယ်။ တရားဝင်ပြောထားသလိုပေါ့။ အသင်းကို ပြန်လာခွင့်ရဖို့ ကျွန်တော် ကြိုးစားနေတာ အတော်ကြာပါပြီ။ ပြန်လာဖို့အတွက် နှစ်ကြိမ်လောက် ကျွန်တော် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်း ဂျာစီတွေ ဝတ်ဆင်ရတာဟာ စူပါဟီးရိုးတစ်ဦးလို ခံစားမိစေပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် ၃၉ နှစ်အရွယ်ရှိ အဲလ်ဗတ်စ်သည် ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာသွားခြင်းဖြစ်သည်။