"ကျွန်တော်တို့အသင်းမှာ သီယာဂို(သီယာဂိုဆေးလ်ဗား)ရှိနေတာဟာ ကစားသမားတစ်ဦးဆိုတာထက်ကို အဓိပ္ပာယ်တွေ အများကြီးပိုပါတယ်"လို့ ချယ်လ်ဆီးနည်းပြ သောမတ်တူဟယ်လ်က ဖွင့်ဟခဲ့ဖူးတယ်။ အသက် (၃၇)နှစ်အရွယ် ကစားသမားဘဝရဲ့ အဆုံးသတ်အပိုင်းအခြားကိုရောက်မှ ပရီးမီးယားလိဂ်ဆီကို ခပ်ရဲရဲ တိုးဝင်လာခဲ့တဲ့ ကစားသမားတစ်ဦးဆီက ချယ်လ်ဆီးအသင်းဟာ ဘယ်လောက်တောင်များ ကောင်းခြင်းတွေ ရရှိခဲ့သလဲ။ ဘယ်လောက်တောင်များ မျှော်လင့်ချက်တွေ ထားခဲ့တာလဲ။ ဒီမေးခွန်းတွေအားလုံးကို သီယာဂိုဆေးလ်ဗားဟာ မြက်ခင်းစိမ်းတွေပေါ် မမောမပန်းပြေးလွှားနေရင်း အဖြေပေးခဲ့ပြီးပါပြီ။ ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒိုကတော့ သီယာဂိုဆေးလ်ဗားရဲ့ နေဝင်ချိန်စွမ်းဆောင်ရည်က အရည်အသွေးနဲ့ အဆင့်အတန်းကို ပြသနေတာဆိုပြီးချီးကျူးတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူလို့ဆိုရမယ့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က သီယာဂိုဆေးလ်ဗားကို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူစာရင်းထဲ ထည့်သွင်းပြောကြားဆဲ ဖြစ်တယ်။
လန်ဒန်မြေဆီအရာရာယူဆောင်လာခဲ့သူ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။