ဘာစီလိုနာကို ဂိုးသွင်းယူပြီးတဲ့နောက် ဆွာရက်ဇ်က ပွဲမတိုင်ခင် သူပြောခဲ့တဲ့အတိုင်း အကြီးအကျယ် အောင်ပွဲမခံခဲ့ဘူး။ လက်အုပ်ချီပြီး ပရိသတ်တွေဆီ ပြေးသွားတယ်။ အသင်းဖော်တွေက သူ့ကို အားပါးတရ ပြေးဖက်ကြတယ်။ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းတစ်ကွင်းလုံး ခြိမ့်ခြိမ့်သဲ တုန်ခါသွားတယ်။ ပွဲကြည့်စင်ဘက်ကို ကြည့်ပြီး ဖုန်းပြောနေတဲ့ဟန်နဲ့ ဆွာရက်ဇ် အောင်ပွဲခံခဲ့ပုံက ပြောစမှတ်ဖြစ်ခဲ့တယ်။ ဘာစီလိုနာနည်းပြအဖွဲ့ဝင်တွေကို ပေါက်ကွဲပြီး ဖုန်းနဲ့ ဒေါသတကြီး ညွန်ကြားနေတဲ့ ကိုးမန်းရဲ့ပုံနဲ့ ဆွာရက်ဇ်ရဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ အောင်ပွဲခံမှုကို နှိုင်းယှဉ်ပြီး ဆိုရှယ်မီဒီယာတွေမှာ လှောင်ပြောင်ကြတယ်။ (ကိုးမန်းက ပွဲပယ်ပြစ်ဒဏ်ကြောင့် အက်သလက်တီကိုနှင့်ပွဲကို ကွင်းအတွင်း ကြီးကြပ်ခွင့် မရခဲ့)။ ဘာစီလိုနာနည်းပြ ဖြစ်လာတဲ့ ၂၀၂၀ ရာသီ အစမှာ ရော်နယ်လ်ကိုးမန်း ပထမဆုံးလုပ်ခဲ့တဲ့ အကြီးမားဆုံးအလုပ်က ဆွာရက်ဇ်ကို အသင်းပြောင်းဖို့ တိုက်တွန်းခဲ့တာပဲ။ ဆွာရက်ဇ်ကို သူကိုယ်တိုင်ဖုန်းခေါ် ပြီး အသင်းရဲ့ အနာဂတ်တွေမှာ မပါဝင်တော့တဲ့အကြောင်း၊ အသင်းသစ်ရှာဖွေနိုင်တဲ့အကြောင်း ပြောခဲ့တယ်။
ဆွာရက်ဇ်ရဲ့ သေရာပါ Trauma
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။