ဒုတိယခြေလှမ်း ပထမဆုံးဖလား

ဒုတိယခြေလှမ်း ပထမဆုံးဖလား
Photos: Getty Images & AFP
Photos: Getty Images & AFP
Published 6 October 2021
Wai Yan Aung

အောက်တိုဘာလရဲ့ နိုင်ငံတကာဘောလုံးရက်သတ္တပတ်မှာ လက်ရွေးစင်အသင်းအများစု ခြေစစ်ပွဲတွေ၊ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားကြ မှာဖြစ်ပေမဲ့ ဥရောပထိပ်သီး(၄)သင်းကတော့ ပြိုင် ပွဲတစ်ရပ် ဆင်နွှဲဖို့ရှိနေပါတယ်။ ဒါကတော့UEFA Nations League ပြိုင်ပွဲဖြစ်ပြီး ဒုတိယအကြိမ် ကျင်းပတဲ့ ပြိုင်ပွဲပါ။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA )က ဒီပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှာ စတင် ဖန်တီးခဲ့တာဖြစ်ပြီး ပထမဆုံးပြိုင်ပွဲမှာ ပေါ်တူဂီ အသင်းက ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီတုန်းက ပြိုင်ပွဲ ရဲ့ နောက်ဆုံးအဆင့်ကို ပေါ်တူဂီ၊ နယ်သာလန်၊ အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့ တက်ရောက်ခဲ့တာဖြစ် ပြီး အခုနှစ်ပြိုင်ပွဲမှာ အဲဒီ(၄)သင်းစလုံး နောက် ဆုံးအဆင့်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ စပိန်တို့က ဆုဖလားအောင်ပွဲအသစ်အတွက် တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။ ဒုတိယခြေလှမ်းမှာ ပထမဆုံးဖလားမျှော်လင့်ချက် ပိုင်ဆိုင်လာခဲ့တဲ့ အသင်းတွေလို့လည်း ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ အီတလီအသင်းက ချန်ပီယံဆုကို လောလောလတ်လတ်ဆွတ်ခူးပြီး ဥရောပရဲ့ အ ကောင်းဆုံးအသင်းဖြစ်ကြောင်း ပြသနိုင်ခဲ့ပေမဲ့ အခုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေ တာကတော့ ပြင်သစ်အသင်းပါ။ သူ့နောက်မှာ ဘယ်လ်၈ျီယံအသင်း ရှိနေပြီး အီတလီအသင်းက စပိန်နဲ့အတူ ဗိုလ်စွဲဖို့ ရေပန်းစားမှုအနိမ့်ဆုံးဖြစ် နေပါတယ်။ ဒါက ထူးခြားတဲ့အခြေအနေလို့ ဆိုရမှာပါပဲ။

 

Most Read

Most Recent