ကလေးသူငယ်လိင်ကျူးလွန်မှုဖြင့် အိမ်ထောင်ရှိသူ အဲဗာတန်ကစားသမားတစ်ဦး ရဲတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရ

ကလေးသူငယ်လိင်ကျူးလွန်မှုဖြင့် အိမ်ထောင်ရှိသူ အဲဗာတန်ကစားသမားတစ်ဦး ရဲတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရ
Photo: Everton FC
Photo: Everton FC
Published 25 July 2021

 

အိမ်ထောင်ရှိသူ အဲဗာတန်ကစားသမားတစ်ဦးသည် ကလေးသူငယ် လိင်ကျူးလွန်မှုဖြင့်  ရဲတပ်ဖွဲ့၏ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရကြောင်း  ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ဥပဒေကြောင်းဆိုင်ရာအရ မီဒီယာများက အမည်ဖော်ပြခြင်းမပြုသော ယင်းကစားသမားသည် ၀ါရင့် နိုင်ငံလက်ရွေးစင်ကစားသမားတစ် ဦးဖြစ်ပြီး ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးမှုကို ခံခဲ့ရကြောင်း သိရသည်။ 

စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ယင်းကစားသမားအား  ရဲ တပ် ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ ယခုလ အစောပိုင်းကပင် ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းသူများသည် ယင်းကစားသမား၏ ပေါင်(၂)သန်းနီးပါးတန် နေအိမ်သို့ ဝင်ရောက်စီးနင်းခဲ့ကြပြီး သက်သေအထောက်အထားများကို ရှာဖွေခဲ့ကြကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

အဲဗာတန်အသင်းကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ယင်းအမှုအား စစ်ဆေးနေစဉ်ကာလအတွင်း ယင်းကစားသမားကို အသင်း တွင်ပါဝင်ခွင့်မပြုဘဲ အနားပေးထားကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

Most Read

Most Recent