ဘာစီလိုနာအသင်း၏ ကစားသမားသစ် ဒီပိုင်းက နည်းပြ ရော်နယ်လ်ကိုးမန်း အသင်းတွင် မရှိလျှင်လည်း ဘာစီလိုနာသို့ မိမိ ရောက်လာမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြုလုပ်သည့် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
နယ်သာလန်တိုက်စစ်မှူး ဒီပိုင်းသည် ဘာစီလိုနာအသင်းတွင် ရော်နယ်လ်ကိုးမန်း ဆက်ရှိမှသာ ပြောင်းရွှေ့လာမည်ဟု ပြောကြားခဲ့ဖူးကြောင်း သတင်းထွက်ခဲ့သည်။
သို့သော် ၎င်းက ''ဒီအသင်းမှာ ငယ်ငယ်ကတည်းက ကစားချင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ရွေးချယ်မှုက နည်းပြအပေါ် မူမတည်ပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒီပိုင်းက မက်ဆီနှင့် တွဲဖက်ကစားခွင့်ရရှိရန်မှာလည်း မိမိ၏ အိပ်မက်တစ်ခုဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။