(၂၆)နှစ်ကြာ လက်တွဲခဲ့သည့် ရင်ဘတ်စပွန်ဆာ Pirelli နှင့်လမ်းခွဲပြီး socios.com နှင့် အင်တာမီလန်အသင်း လက်တွဲ

(၂၆)နှစ်ကြာ လက်တွဲခဲ့သည့် ရင်ဘတ်စပွန်ဆာ Pirelli နှင့်လမ်းခွဲပြီး socios.com နှင့် အင်တာမီလန်အသင်း လက်တွဲ
Photo: Inter
Photo: Inter
Published 22 July 2021

အင်တာမီလန်အသင်းသည် (၂၆)နှစ်ကြာ လက်တွဲခဲ့သည့် ရင်ဘတ်စပွန်ဆာ Pirelli နှင့် လမ်းခွဲပြီးနောက် ဂျာစီရင်ဘတ်စပွန်ဆာသစ်အဖြစ် မော်လ်တာအခြေစိုက်နည်းပညာကုမ္ပဏီ socios.com နှင့် လက်တွဲခဲ့ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် Pirelli နှင့် ၁၉၉၅ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီအထိ (၂၆) နှစ်ဆက်တိုက် လက်တွဲခြင်းဖြစ်သည်။

သို့သော် အင်တာမီလန်အသင်းသည် ဇူလိုင် (၂၁) ရက်တွင် လာမည့် ၂၀၂၁-၂၂ ရာသီမှစတင်ပြီး ရင်ဘတ်စပွန်ဆာအဖြစ် socios.com နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

အင်တာမီလန်အသင်းသည် Pirelli ထံမှ တစ်နှစ်စပွန်ဆာကြေး ယူရို (၁၀.၅)သန်းသာ ရရှိခဲ့သော်လည်း socios.com နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အရ တစ်နှစ်လျှင် စပွန်ဆာကြေး ယူရိုသန်း (၂၀)ဝန်းကျင် ရဖွယ်ရှိနေကြောင်း Sky Sport Italia က ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းအနေဖြင့် socios.com နှင့် လက်တွဲနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ဖော်ပြခဲ့သော်လည်း ပရိသတ်အချို့မှာ Pirelli နှင့်လမ်းခွဲခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်နေကြောင်း သိရသည်။ 

Most Read

Most Recent