အနာဂတ်လှုပ်ခတ်နေသည့် ဆာအူလ်မှာ အက်သလက်တီကိုအသင်းအတွက် အလွန်အရေးပါသည့်ကစားသမားဖြစ်နေဆဲဟု ဆီမြွန်နီ ပြောကြား

အနာဂတ်လှုပ်ခတ်နေသည့် ဆာအူလ်မှာ အက်သလက်တီကိုအသင်းအတွက် အလွန်အရေးပါသည့်ကစားသမားဖြစ်နေဆဲဟု ဆီမြွန်နီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 July 2021

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အနာဂတ်လှုပ်ခတ်နေသည့် စပိန်ကွင်းလယ်ကစားသမား ဆာအူလ်မှာ အသင်းအတွက် အလွန်အရေးပါသည့် ကစားသမားဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

    

အသက် (၂၆)နှစ်အရွယ်ရှိ ဆာအူလ်သည် အက်သလက်တီကိုအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည်။ 

လက်ရှိတွင် ဆာအူလ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် လီဗာပူးလ်နှင့် မန်ယူအသင်းတို့အပြင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းကလည်း အသင်းတိုက်စစ်မှူး ဂရီးဇ်မန်းနှင့် အလဲအထပ်ပြုလုပ်ရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

    

သို့သော် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက နေရာစုံကစားနိုင်သည့် ဆာအူလ်မှာ မိမိတို့အတွက် အရေးပါဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဆီမြွန်နီက "ပြီးခဲ့တဲ့ရာသီမှာ ဆာအူလ်က သူ့အနေနဲ့ ဘယ်နေရာမှာ ကစားရတာက ပိုအဆင်ပြေတယ်ဆိုပြီး ကျွန်တော်တို့ကို ပြောပြပါတယ်။ ကျွန်တော်ကတော့ ဆာအူလ်အနေနဲ့ နေရာစုံမှာ ကစားနိုင်တယ်လို့ မြင်ပါတယ်။ သူဟာ နောက်ခံလူအဖြစ်ကစားနိုင်သလို၊ ကွင်းလယ်နေရာစုံမှာလည်း ကစားနိုင်သူပါ။ ဆာအူလ်ဟာ အသင်းအတွက် အရမ်းကို အရေးပါတဲ့ကစားသမားဖြစ်နေဆဲဖြစ်ပြီး နည်းပြစိတ်ကြိုက်ကစားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆာအူလ်ရဲ့ အပြောင်းအ ရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး တကယ်လို့အသင်းပြောင်းသွားခဲ့မယ်ဆိုရင်လည်း အကောင်းဆုံးဖြစ် ပါစေလို့ဆုတောင်းနေမှာပါ"ဟု ဆိုခဲ့သည်။ 

Most Read

Most Recent