ဂါဇီဒစ် လည်ချောင်းကင်ဆာ ခံစားနေရကြောင်း အေစီမီလန်အသင်း ထုတ်ပြန်

ဂါဇီဒစ် လည်ချောင်းကင်ဆာ ခံစားနေရကြောင်း အေစီမီလန်အသင်း ထုတ်ပြန်
Photo: Getty Images
Photo: Getty Images
Published 21 July 2021

အေစီမီလန်အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဂါဇီဒစ်သည် လည်ချောင်းကင်ဆာရောဂါခံစားနေရကြောင်း အေစီမီလန်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ 

အေစီမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် အသင်း၏အမှုဆောင်ချုပ် ဂါဇီဒစ်သည် လည်ချောင်းကင်ဆာရောဂါခံစားနေရကြောင်း၊ ဆရာဝန်များ၏ စစ်ဆေးမှုများအရ အဆိုပါရောဂါမှာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 

ဂါဇီဒစ်ကလည်း မိမိအနေဖြင့် လည်ချောင်းကင်ဆာကို အောင်မြင်စွာကုသနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

"ကင်ဆာဖြစ်နေတာဟာ သတင်းကောင်း မဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ ကုသလို့ ရနိုင်တဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။ ကျွန်တော့်အနေနဲ့ အပြည့်အဝပြန်လည်ကျန်းမာလာမယ်လို့ ယုံကြည်ပါတယ်"ဟု ဂါဒီဇစ်က ပြောကြားခဲ့သည်။ 

Most Read

Most Recent