စပိန်အသင်း တိုက်စစ်မှူး မိုရာတာရဲ့ ပယ်နယ်တီကို အီတလီအသင်းဂိုးသမား ဒွန်နာရမ်မာ ကာကွယ်လိုက်တဲ့အချိန်မှာ အီတလီဘက်က နောက်ဆုံးကန်ခွင့်ရမယ့် ပယ်နယ်တီက အရမ်းအရေးကြီးသွားပြီ။ ဂျော်ဂျင်ဟိုသာ ဒီအခွင့်အရေးကို အပိုင်အသုံးချနိုင်ရင် အီတလီအသင်း ဗိုလ်လုပွဲကို တက်နိုင်ပြီ။ အဲဒီအချိန်မှာ ဖိအားတွေအားလုံးက ဂျော်ဂျင်ဟို ရဲ့အပေါ်မှာ၊ မျှော်လင့်ချက်တွေ အားလုံးကလည်း သူ့အပေါ်မှာပဲ။ "ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံး ဘာတွေဖြစ်နေသလဲဆိုတာကို ကျွန်တော်ကြိုးစားပြီး မေ့ထားတယ်။ လေ့ကျင့်ရေးကွင်းမှာ အကြိမ်ပေါင်း များစွာလေ့ကျင့်ခဲ့တုန်းကလိုပဲ ကန်ဖို့ ဆုံးဖြတ်တယ်။ ကျွန်တော် အသက်ကို ပြင်းပြင်းရှူပြီး ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် လုပ်ခဲ့တယ်"လို့ Sky Sports Italia နဲ့ တွေ့တော့ ဂျော်ဂျင်ဟိုက ပြောခဲ့တယ်။ စပိန်နဲ့ပွဲမှာ ဂျော်ဂျင်ဟိုက ယူရို-၂၀၂၀ ပြိုင် ပွဲတစ်လျှောက်လုံး သူ လုပ်ပြခဲ့သလိုမျိုးပဲ အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။
■ မန်စီနီရဲ့ ခံယူချက်အပြောင်းအလဲနဲ့ ပရော်ဖက်ဆာ ဂျော်ဂျင်ဟို
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။